close

တာ့ခ်ခရိုင်တွင်းရှိ ဒုက္ခသည်များအရေး UNHCR နှင့် ခရိုင်ဝန်ဆွေးနွေး

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ထဲမှာရှိတဲ့ မြန်မာပြည်က စစ်ပြေးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR  ကိုယ်စားလှယ်နဲ့ ခရိုင်အုပ်ချုပ်ရေးဌာနက တာဝန်ရှိသူတွေဟာ  မတ်လ ၃၁ ရက်က  ခရိုင်ဝန်ရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့  ထိုင်း AEC သတင်းမှာ ဖော်ပြပါတယ်။

တာ့ခ်ခရိုင် ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ ပြဿနာအခက်အခဲနဲ့ ပြဿနာဖြေရှင်းရေးတွေကို အဓိကထား ဆွေးနွေးတာဖြစ်ပြီး အသေးစိတ် ဆွေးနွေးချက်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။ 

တာ့ခ်ခရိုင်ထဲမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်တွေအတွက် ခိုလှုံရာစခန်းကြီး ၃ ခုဖွင့်လှစ်ထားရှိကြောင်း ၊ အဲဒီထဲမှာ ဖုပ်ဖရမြို့နယ်ရှိ အုန်းပြန်စခန်း ၊ အုမ့်ဖန်မြို့နယ်ရှိ နို့ဖိုးစခန်း ၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လ စခန်းတို့ပါဝင်တယ်လို့ ဆိုပါတယ်။ 

ဒုက္ခသည်အများစုဟာ ကရင်လူမျိုးတွေဖြစ်ပြီး အဲဒီထဲမှာ မြန်မာ ၊ ကရင်နီ ၊ ပလောင် ၊ ရှမ်း နဲ့ ထားဝယ်လူမျိုးတို့ အနည်းစုပါဝင်တယ်လို့ သတင်းမှာဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up