close

သွားရည်စီသူ ကြင်စိုး

ပေါက်ပေါက်ရှာရှာ ပုံတိုပတ်စတွေ  ပြောကောင်းတဲ့ အဘစောမူးသာနဲ့ ဘဝတကွေ့မှာ ခဏတွေ့ကာ ခင်မင်ရင်းနှီးခွင့်ရခဲ့ခြင်းကြောင့် ရင်တွင်းက “အပူတွေ” ခေတ္တအခိုက်အတန့် ဖြစ်ဖြစ် လျော့ပါးခဲ့ရတာကတော့ အမှန်ပါပဲ။

စကားပြောကောင်းသလို လောက်လေးပစ်လည်း အလွန် ‘တဲ့’ တာဗျ။ ရေနွေးကြမ်း သောက်ရအောင် ခေါ်တာနဲ့ သူ့အိမ်ရောက်သွားတော့ ငှက်နှစ်ကောင်ကြော်ပြီး ပန်းကန်ပြားထဲ ထည့်ထားတာ မြင်ရတယ်။

“ ' ချိုးတွေ’ လား အဘ”

" ‘ကျီးကန်းတွေ’ ဟ . . . ငါက ချိုးတွေကို ဘယ်တော့မှ မပစ်ဘူး”

“ငြိမ်းချမ်းရေးငှက်”ကို သူ မသတ်ဘူးလို့ ပြောပါတယ်။ သိပ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ‘မုဆိုးစည်းကမ်း’ ပါပဲဗျာ။

“အုပ်စုလိုက် ဝိုင်းပြီး ‘အာ’ တတ်တဲ့ ကျီးကန်းတွေတော့ ငါ ချမ်းသာမပေးဘူး”

“အင်း . . . “

“လွှတ်တော်ထဲမှာ အဲသည်လို မကြာမကြာ ဝိုင်း ဝိုင်း အာတတ်တဲ့ အစိမ်းပုပ်ရောင် ကျီးကန်းတွေကို ဖေကြီး မြင်ဖူးတယ်မဟုတ်လား . . . ဟားဟား . . . ဟားဟား . . . ဟားဟား . . .”

“ဟားဟား ဟားဟား ဟားဟား”

“ကျီးကန်းသား” ဟာ “သူငယ်နာပျောက်တယ်”လို့လည်း အစဉ်အဆက်ပြောကြတာ ကြားဖူးကြောင်း . . .   ဒါကြောင့် “မအလလို သူငယ်နာမစင်တဲ့ကောင်တွေအတွက် ဆေးကွ။ ဇာတ်တူသား စားကြပေါ့ကွာ”လို့လည်း ရယ်ရယ်မောမော ပြောပါသေးတယ် ခင်ဗျ။

“ဒီအယုတ်တမာကောင် မအလဟာ ‘သူငယ်နာ’ မစင်တာတော့ တကယ်ကွ။ သူ တီဗွီမှာ စကားပြောတဲ့ ဖိုင်တွေ ပြန်ကြည့်ကြည့်။ ‘သွားရည်တွေ’ ထွက်ထွက်ကျနေတာ မင်း မြင်ရလိမ့်မယ်”

“ဟားဟား ဟားဟား ဟားဟား . . . အဘက သေသေချာချာကို ကြည့်ရှုပြီး သုတေသနပြုထားပုံပါပဲလား”

“ဟားဟား ဟားဟား ဟားဟား . . . တကယ်ပြောတာဟ ဖေကြီးရ၊ မယုံရင် အခုချက်ချင်း လိုင်းပေါ်မှာရှိတဲ့ သူ့ဖိုင်တွေထဲက ကြုံရာတစ်ခုခုကို ရှာပြီးကြည့်လိုက်”

“ဟားဟား ဟားဟား ဟားဟား . . .”

အဘစောမူးသာပြောတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ သာ၀ (ခေါ်) ကြောင်ချီး (ခေါ်) ဘိုတု (ခေါ်) ကြင်စိုး (ခေါ်) မအလကြီးဟာ စိတ်ကော ရုပ်ပါ မူမှန်မဟုတ်တာတော့ သေချာတယ်လို့ ဆိုပါတယ်။ 

အခု အဘစောမူးသာ ထပ်ပြောပြချက်အရ “သူငယ်နာရောဂါ”ပါ စွဲကပ်နေကြောင်း သိရပါတော့တယ်။

သူ လူရှေ့သူရှေ့ လူလုံးပြပြီး ထွက်ထွက် “အာ” တဲ့အခါ တံတွေးတွေ စင်တာကို မြင်ရပါမယ်တဲ့။ အဲသည်ထက်ပိုပြီး အားစိုက်ပြီး၊ အာရုံစိုက်ပြီး ကြည့်ကြည့်လိုက်ရင် အင်မတန်ကျက်သရေတုံးတဲ့ မအလရဲ့ ပါးစပ်ပေါက်ကြီးထဲကနေ အင်မတန်ရွံရှာ စက်ဆုပ်ဖွယ် ထွက်ထွက်ကျနေတဲ့ ‘သွားရည်တွေ’ကို အင်မတန်အော်ဂလီဆန်စရာ မြင်ကြရမယ်လို့လည်း ပြောပါသဗျ။

“ပထမ ကြားရတာကတော့ ‘စိတ်ကစဉ့်ကလျား’ ရောဂါတဲ့ အဘရဲ့”

“အဲသည် ‘စိတ်ကစဉ့်ကလျားရောဂါ’ လည်း သူ့မှာရှိတာပဲကွ။ ‘စိတ်ကြွရောဂါ’လည်းရှိတယ်။ ‘စိတ်ကျရောဂါ’လည်းရှိတယ်။ နဂိုစိတ်ကိုက မူမမှန်တာလို့ သုံးသပ်ရတာပဲ”

“လူငပု . . ပူမှုရယ်တဲ့ ဆယ်ကုဋေ”လို့တောင်မှ ပြောရမလို ရောဂါအပူတွေ စုနေတဲ့သူပါပဲကွာ။ ‘ဝဋ်’ လို့ ဆိုရင်လည်း မှားနိုင်မယ် မထင်ဘူး”လို့လည်း အဘစောမူးသာက ပြုံးစစနဲ့ ပြောပါသဗျ။

“မအလကြီး သူငယ်နာမစင်ဘဲ ‘သွားရည်’တွေ တရွှဲရွှဲကျနေတာကို ဘယ်အချိန်လောက်ကတည်းက စသိတာလဲ အဘ "

“ဟားဟား ဟားဟား ဟားဟား . . . ၂၀၂၀ ပြည့် ရွေးကောက်ပွဲကြီးမတိုင်ခင်ကတည်းက ငါ သိနေတာကွ ဖေကြီးရ”

“ဗျာ . . . ဘယ်လို . . အဲသည်လောက်ကတည်းက အဘက သိနေတယ် . . . .ဟုတ်လား . . .”

“အေးလကွာ . . . အဲသည်ကောင်ကြီးဟာ အဲသည်အချိန်ကတည်းက အာဏာရူးနေပြီး သူနဲ့ လားလားမှမသက်ဆိုင်တဲ့ ‘သမ္မတထိုင်ခုံ’ကို သွားရည်ကျနေခဲ့တာမဟုတ်လားကွ . . . အာဟ . . . အာဟ . . . အာ ဟ”

ဖေကြီး (လေရှီး)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up