ဟန်ဂေရီရွေးကောက်ပွဲ၌ လက်ရှိအာဏာရသမ္မတကို အနိုင်ရမည်ဟု အတိုက်အခံခေါင်းဆောင် ပြော

မကြာခင်ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ပေါပြူလစ်သမ္မတ ဗစ်တာ အော်ဘန်ကို သေချာပေါက် အနိုင်ရှိလိမ့်လို့ ဟန်ဂေရီအတိုက်အခံခေါင်းဆောင် ပီတာ မာကီဇေက လူထုကို ပြောလိုက်ပါတယ်။
“ကျနော်တို့ရဲ့ သုတေသအချက်အလက်တွေအရ အခု သူမသာကိုယ်မသာအခြေအနေ ရှိနေတယ်။ ရွေးကောက်ပွဲမှာ မဲတမဲတိုင်းဟာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားစေနိုင်တယ်” လို့ ဘူဒါပတ်စ်မြို့မှာ မဲဆွယ်စည်းရုံးစဉ် ပြောတာပါ။
IDEA ဒီမိုကရေစီအင်စတီကျူ့ကလုပ်တဲ့ ဆာဗေးတခုမှာ သမ္မတအော်ဘန် ရဲ့ ပါတီက အတိုက်အခံအပေါ် အနည်းငယ် အသာစီးရနေတာပါ။
လူထုစစ်တမ်းအရ အော်ဘန်ရဲ့ပါတီက ၄၁ ရာခိုင်နှုန်းရပြီး ၆ ပါတီ ညွန့်ပေါင်း မဟာမိတ်အဖွဲ့က ၄၀ ရာခိုင်နှုန်း ရထားတာပါ။ ၆ ပါတီ မဟာမိတ်အဖွဲ့ကို မာကီဇေက ဦးဆောင်နေတာပါ။
မာကီဇေဟာ မြို့သေးလေးတမြို့ မြို့တော်ဝန်ဖြစ်ပြီး ကလေး ၇ ဦး ဖခင်ပါ။ သူက ရုရှားသမ္မတပူတင် ထောက်ခံနေတဲ့ သမ္မတအော်ဘန်ကို အပြင်းအထန် ဝေဖန်ပါတယ်။
“ပူတင် လူသတ်သမားကို ထောက်ခံနေတဲ့သူကို ခရစ်ယာန်တွေ မဲမပေးပါနဲ့” လို့ လှုံ့ဆော်စည်းရုံးပါတယ်။