close

ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဗုံးကွဲ

ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့ရှိ မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်နားမှာ  ဧပြီ ၈ ရက် ဒီကနေ့ ညနေပိုင်း ရုံးဆင်းချိန်လောက်က  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်။

ဆူးလေမြို့တော်ခန်းမရှေ့မှာ စစ်ကောင်စီက တည်ဆောက်နေတဲ့ မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်နားမှာ ညနေ ၄ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တာလို့  အခင်းဖြစ်ရာနဲ့ မလှမ်းမကမ်းကို ရောက်ခဲ့တဲ့ ယာဥ်မောင်းတဦးက ပြောပါတယ်။

ယာဥ်မောင်းသူတဦးက "ဗုံးပေါက်တာက အသံကတော့ ကျယ်တယ်။ ဟိုကောင်တွေဘာဖြစ်သွားတယ်ဆိုတာတော့မသိဘူး။ သေချာမမြင်ရဘူး အသံကြားတာနဲ့ တခြားဘက် မောင်းထွက်ခဲ့ရတာ။ အဖမ်းခံရမှာစိုးလို့  တခြားသူတွေလည်းအဲ့နား ရှောင်မောင်းနေရတယ်''လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာဟာ စစ်ကောင်စီတပ်တွေရဲ့ ကားတွေထားတဲ့ ဘန်ကာနားမှာဖြစ်ပြီး   လူတွေထိခိုက် ဒဏ်ရာရတဲ့ သတင်းတော့ မကြားသိရသေးပါဘူး။ 

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီ တပ်သားတွေက ခရီးသွားလာတဲ့ပြည်သူတွေ လမ်းပိတ်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဗုံးဖောက်ခွဲမှုကို   Dark shadow (YGN) မြို့ပြပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ မီဒီယာတချို့ကို ထုတ်ဖော်ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up