ဂျာမနီတွင် နေရောင်ခြည်စွမ်းအင်သုံး ရေမျော လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်မည်

ဂျာမန်နိုင်ငံဟာ ရုရှားဆီက ရုပ်ကြွင်းလောင်စာကို မှီခိုနေရတဲ့အဖြစ်ကနေ လွတ်ကင်းအောင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် နေရောင်ခြည် စွမ်းအင်သုံး ရေမျော လျှပ်စစ်ဓာတ်အားပေး စက်ရုံကို လာမယ့်လ စတင် ဖွင့်လှစ်မယ်လို့ ဂျာမန်ကုမ္ပဏီက ပြောလိုက်ပါတယ်။
ဒီစက်ရုံမှာ ရေပေါ်မျောနေတဲ့ ဖောင် ၃၆၀ ပေါ်မှာ ဆိုလာပြား ၅၈၀၀ ကို တပ်ဆင်ထားမှာဖြစ်ပြီး မေလ ၂၄ရက်က စပြီး လုပ်ငန်းလည်ပတ်မယ်လို့ ပြောပါတယ်။
ဂျာမနီနိုင်ငံဟာ ရေပေါ်မှာ နေစွမ်းအင် ၂၀ ဂစ်ဂါဝပ်လောက် ဆောက်နိုင်တယ်လို့ BayWar.e ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကုမ္ပဏီရဲ့ ထုတ်ကုန်စီမံရေးဌာန အကြီးအကဲ တိုနီဝိုက်ဂယ်က ပြောပါတယ်။
ဒီစီမံကိန်းဟာ ရုပ်ကြွင်းလောင်စာသုံး စွမ်းအင်နဲ့ နှိုင်းယှဉ်ရင် တနှစ်ကို ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှု တန်ချိန် ၁၁၀၀ သက်သာစေလိမ့်မယ်လို့ ဆိုပါတယ်။
BayWa r.e ရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုးကို ဆွစ်အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းဖြစ်တဲ့ စွမ်းအင်အခြေခံအဆောက်အဦ မိတ်ဖက် (EIP) က ပိုင်ဆိုင်ပါတယ်။