ဖိလစ်ပိုင်နိုင်ငံတွင် မုန်တိုင်းကြောင့် လူ ၂၀ ထက်မနည်း သေဆုံး

ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်း ကမ်းရိုးတန်းတွေကို အပူပိုင်းမုန်တိုင်း မက်ဂီ ဝင်ရောက် တိုက်ခတ်လို့ ရေကြီး မြေပြိုတာတွေ ဖြစ်ခဲ့တဲ့အတွက် လူ ၂၀ ထက်မနည်း သေဆုံးတယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ဧပြီ ၁၂ ရက်မှာ ပြောပါတယ်။
မုန်တိုင်းဟာ ၁ နာရီ မိုင် ၄၀ နှုန်းနဲ့ ရွေ့လာပြီး တနာရီ ၄၉ မိုင် လေတိုက်နှုန်းနဲ့ ဧပြီ ၁၀ ရက်က ကုန်းတွင်းကို ဝင်ရောက်ခဲ့တာပါ။
မက်ဂီ မုန်တိုင်းဟာ ဖိလစ်ပိုင်ကို ဒီနှစ်ထဲမှာ ဝင်ရောက်တဲ့ ပထမဆုံး မုန်တိုင်းလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံထဲကို နှစ်စဉ် မုန်တိုင်းအလုံးရေ ၂၀ လောက် ပျမ်းမျှ ဝင်ရောက်လေ့ ရှိပါတယ်။
မြေပြိုတဲ့ ဒေသတွေက ရှင်သန်ကျန်ရစ်သူတွေကို ကယ်ဖို့ ကယ်ဆယ်ရေးသမားတွေက ရေမြုပ်နေတဲ့ လမ်းတွေတလျှောက် သွားလာနေတဲ့ ပုံတွေကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ဧပြီ ၁၂ ရက်မှာ မျှဝေခဲ့ပါတယ်။
နိုင်ငံအရှေ့ပိုင်း လေးတေပြည်နယ်မှာ မြေပြိုလို့ ပိမိနေတဲ့ အလောင်း ၁၄ လောင်းကျော်ကို ပြန်ရခဲ့တယ်လို့ အမျိုးသားကပ်ဘေးစီမံရေးအေဂျင်စီရဲ့ ပြောခွင့်ရက ပြောပါတယ်။
မက်ဂီမုန်တိုင်းဟာ ၁ နာရီ လေတိုက်နှုန်း ၄၅ ကီလိုမီတာထိ အားလျော့သွားပြီး ဒီနေ့မှာတော့ ပင်လယ်ဘက်ကို ပြန်ထွက်သွားမယ်လို့ အစိုးရ မိုးလေဝသ ဗျူရိုက ပြောထားပါတယ်။