ရုရှားနှင့် ယူကရိန်း စစ်သုံ့ပန်းလဲလှယ်ရန် ယူကရိန်းသမ္မတ အဆိုပြု

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အနီးကပ်ဆုံး ဖြစ်သလို ယူကရိန်းမှာ ဩဇာအကြီးဆုံးဖြစ်တဲ့ အကြီးတန်း နိုင်ငံရေးသမား ဗစ်တာမက်ဗီယက်ချွတ်ခ်နဲ့ ရုရှားအစိုးရတပ်တွေက ဖမ်းထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး စစ်သုံ့ပန်းတွေကို လဲလှယ်ဖို့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီးက ဧပြီ ၁၃ ရက်မှာ အဆိုပြုလိုက်ပါတယ်။
ခုလို ဖြစ်နိုင်ချေကို စဉ်းစားဖို့ ယူကရိန်း လုံခြုံရေးတပ်တွေနဲ့ စစ်တပ်အတွက် အရေးကြီးတယ်လို့လည်း မနက်အစော ရုပ်သံမိန့်ခွန်းထဲမှာ ဇလန်းစကီးက ပြောပါတယ်။ ရုရှားတပ်တွေက ယူကရိန်းတောင်ပိုင်း မာရိုင်ပူမြို့မှာ ဓာတုလက်နက် သုံးခဲ့သလားဆိုတာ ကောက်ချက်ချဖို့ ရာနှုန်းပြည့် အတည်ပြုဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ဇလန်းစကီးက ပြောပါတယ်။
ဓာတုလက်နက်သုံးဖို့ ရုရှားနိုင်ငံထဲက တချို့က ထပ်ခါတလဲလဲ ခြိမ်းခြောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်က ဒီလို လက်နက်တွေ ဖြန့်ကျက် သုံးနေတာကို ဟန့်တားရေး အနောက်နိုင်ငံတွေက အခု လှုပ်ရှားဖို့ လိုနေတယ် ဆိုတာပဲလို့ ဇလန်းစကီးက ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။