ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း အသင်းသစ်ရွေးချယ်ရန် ဆုံးဖြတ်မည်

ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ လာမယ့်ရာသီမှာ ပြောင်းရွှေ့ကစားမယ့် အသင်းသစ် ရွေးချယ်ဖို့ ၂ ပတ်အတွင်းမှာ ဆုံးဖြတ်ရဖို့ ရှိနေပါတယ်။
အသက် ၂၁ နှစ်ရှိ နော်ဝေတိုက်စစ်မှူးကို ထိပ်တန်းကလပ်အသင်းတွေက ခေါ်ယူလိုနေပြီး ကစားသမားဖြစ်သူကပဲ အပြီးသတ် ဆုံးဖြတ်ရတော့မှာပါ။
ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃ သန်းတန်စာချုပ် ချုပ်ဆိုထားပြီး ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့ အဲဒီပမာဏ ပေးမယ်ဆိုရင် အသင်းအချင်းချင်းကြားမှာ သဘောတူညီမှုရမှာပါ။
ဟာလန်းအတွက် လုပ်ခလစာနဲ့ စာချုပ်သက်တမ်းတွေကိုသာ ညှိနိူင်းရတော့မှာ ဖြစ်ပါတယ်။ ဟာလန်းကို မန်စီးတီးအသင်းက စံချိန်တင် တပတ်လုပ်ခ ပေါင် ၅ သိန်းပေးပြီး ကမ်းလှမ်းဖို့ အသင့်ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ တိကျသေချာမှုတော့ မရှိသေးပါဘူး။
ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာကလည်း အပြောင်းအရွှေ့မှာ အရေးပါနေပါတယ်။ ဟာလန်းကို ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ အသင်းတွေကလည်း ခေါ်ယူလိုနေပါတယ်။
ဟာလန်းဟာ ၂၀၂ဝ ပြည့်နှစ်က ဆဲလ်ဘက်ကနေ ဒေါ့မွန်ကို ရောက်ရှိလာပြီးနောက် လိဂ်ပွဲစဉ် ၅၄ ပွဲမှာ ၅၆ ဂိုးအထိ သွင်းယူထားပါတယ်။