ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က ဘိုးဘွား ၄၉ ဦးကို သက်ကြီးပူဇော်






စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲတဖွဲ့ဖြစ်တဲ့ ကျားသစ်နက် ပြောက်ကျားအဖွဲ့ဟာ ဧပြီ ၁၃ ရက် မနက်ပိုင်းက ဘိုးဘွား ၄၅ ဦးကို သက်ကြီးပူဇော်တာတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီ သက်ကြီးဘိုးဘွား ၄၅ ဦးဟာ ပုလဲမြို့နယ်က ကျေးရွာ ၂ ရွာနဲ့ မြိုင်မြို့နယ်က ကျေးရွာ ၂ ရွာက အဘိုးအဘွားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်ဥက္ကာက “ကျနော်တို့ အခုလိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ကျားသစ်နက်အဖွဲ့ကို လှူဒါန်းပေးနေတဲ့ သူတွေလည်း ကုသိုလ်ရစေချင်တာက တပိုင်း၊ သက်ကြီးရွယ်အို ဘိုးဘွားတွေ သူတို့လှူချင်တာ လှူရနိုင်အောင်လို့ အခုလို လှူဒါန်းရတာပါဗျ။ အလှူငွေက အဘိုး အဘွား တဦးကို ငွေကျပ် ၁ သောင်းစီနဲ့ ၄၉ ယောက်ကို လှူပေးခဲ့တာ” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်သူတွေ နေ့စဉ် တိုးပွားနေကာ စစ်ဘေးရှောင်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးအကူအညီ အထောက်အပံ့တွေ အရေးပေါ် လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။