close

ရန်ကုန်ရှိ စစ်ကောင်စီဒေါက်တိုင် ဓာတ်ဆီဆိုင်နှင့် KTV ဆိုင်တို့ကို ဗဟန်း PDF ဗုံးခွဲ တိုက်ခိုက်

ရန်ကုန်မြို့ရှိ စစ်ကောင်စီ ဒေါက်တိုင် ဓာတ်ဆီဆိုင်တဆိုင်နဲ့ KTV ဆိုင်တဆိုင်ကို ဗဟန်းမြို့နယ် မြို့ပြပြောက်ကျားတပ်ဖွဲ့ Bahan Guerrilla Force (B-PDF)က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဗဟန်းမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ်က မြတ်မေတ္တာမွန်ဆီဆိုင်နဲ့ ရွှေဂုံတိုင်မီးပွိုင့်အနီးက The ONE Entertainment KTV တို့ကို ဒီကနေ့ ဧပြီ ၁၉ ရက် မနက် ၇ နာရီခွဲလောက်မှာ ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

The One Entertainment ကတော့ ပြည်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ခုလိုဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင် မြတ်မေတ္တာမွန်ဆီဆိုင်ကိုတော့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ)နဲ့  B-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံး​ပေါက်ကွဲပြီး​နောက် ထိခိုက်ပျက်စီးမှုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ B-PDF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြမထားသလို အဆိုပါ ဆိုင် ၂ ဆိုင်နဲ့ စစ်ကောင်စီပြန်ကြားရေးဘက်က  ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူထားခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ မြို့ရွာအနှံ့ ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up