မာရီယူပိုမြို့၏ စစ်ရေးအခြေအနေ အလွန်ခက်ခဲနေဟု ယူကရိန်းသမ္မတပြော

ယူကရိန်းနိုင်ငံ မာရီယူပိုမြို့ရဲ့ စစ်ရေးအခြေအနေဟာ အလွန်ခက်ခဲနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ဧပြီ ၁၉ ရက်မှာ ပြောပါတယ်။
ယူကရိန်းအရှေ့ဘက်က ဆိပ်ကမ်းမြို့ဖြစ်တဲ့ မာရီယူပိုမြို့ကို ရုရှားတပ်တွေ ဝိုင်းထားပြီး ယူကရိန်းတပ်တွေကို လက်နက်ချခိုင်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
သမ္မတ ဇလန်းစကီးက ဧပြီ ၁၉ ရက် မိန့်ခွန်းမှာ မာရီယူပိုမြို့ထဲက ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့နဲ့ အရပ်သား ပြည်သူတွေကို ကယ်ထုတ်ဖို့ ကိစ္စကို ရုရှားတပ်တွေ အနှောင့်အယှက် ပေးနေတယ်လို့ ပြောပါတယ်။
ရုရှားဘက်က ယူကရိန်းတပ်တွေကို လက်နက်ချခိုင်းနေပေမယ့် ယူကရိန်းစစ်မြေပြင် တပ်မှူးတွေကတော့ ဘယ်တော့မှ လက်နက်ချမှ မဟုတ်ဘူးလို့ သန္နိဋ္ဌာန်ချထားကြပါတယ်။
ရုရှားတပ်တွေဟာ ဧပြီ ၁၉ ရက်ကစလို့ ယူကရိန်း အရှေ့ဘက်စွန်းက မာရီယူပိုမြို့ကို စတင်တိုက်ခိုက်နေပြီး အနောက်နိုင်ငံတွေကလည်း ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ထပ်ပို့ပေးဖို့နဲ့ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးချဖို့ ရှိပါတယ်။
ထောင်နဲ့ချီတဲ့ ရုရှား မြေပြင်တပ်တွေဟာ လက်နက်ကြီးပစ်ကူ၊ ဒုံးကျည်ပစ်ကူတွေနဲ့ တိုက်ခိုက်နေတာပါ။
ယူကရိန်းသမ္မတ ဇလန်းစကီးက ရုရှားဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေပြီး နာမည်ဆိုးနဲ့ သမိုင်းတွင်လိမ့်မယ်လို့ မိန့်ခွန်းမှာ ပြောသွားပါတယ်။