close

ရုရှားဆောင်ကြဉ်းလာသည့် ပဋိပက္ခအမှောင်တိုက်မှ ကျော်လွှားနိုင်မည်ဟု ယူကရိန်းသမ္မတပြော

ဆိုးသွမ်းမှုတွေက ယူကရိန်းနိုင်ငံကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူးလို့ ယူကရိန်း သမ္မတ ဇလန်းစကီးက အော်သိုဒေါ့က်စ် အီစတာအခမ်းအနားအတွက် သတင်းစကားမှာ ထည့်သွင်းပြောဆို ကတိပြုလိုက်ပါတယ်။

မြို့တော် ကိယက်ဗ်က အနှစ်တထောင်ကျော် သက်တမ်းရှိပြီဖြစ်တဲ့ စိန့်ဆိုဖီယာ ခရစ်ယာန် ဘုရားကျောင်းမှာ ဖွင့်တဲ့ ရုပ်သံမိန့်ခွန်းအတွင်း သူက ခုလိုပြောလိုက်တာပါ။

အိမ်နီးချင်း ရုရှားနိုင်ငံက ဆောင်ကြဉ်းလာတဲ့ဖြစ်နေဆဲ ပဋိပက္ခ အမှောင်တိုက်ကနေ ယူကရိန်း နိုင်ငံဟာ ကျော်လွှားနိုင်လိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

ရုရှားသမ္မတ  ပူတင်က အထူးစစ်ဆင်ရေးလို့ ကြေညာတဲ့ ရုရှား၀ရဲ့ ကျူးကျော်စစ် ၂ လ ပြည့်တဲ့နေ့လည်းဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ယူကရိန်းနိုင်ငံတလွှား အီစတာပွဲတော်ကို အကျဉ်းချုံး ကျင်းပခဲ့တာပါ။ 

ခါတိုင်းက အီစတာဝတ်ပြုပွဲကို ညလုံးပေါက်နဲ့ တမနက်လုံး ခရစ်ယာန်ဘုရားကျောင်းတွေမှာ လူပြည့် တက်ရောက်ပေမယ့် ဒီနှစ်မှာတော့ ဒုံးကျည် နဲ့ တိုက်မယ့် ပစ်မှတ် ဖြစ်လာမှာ စိုးရိမ်လို့ လူတွေ ခရစ်ယာန် ဘုရားကျောင်းတွေမှာ မစုရုံးကြဖို့ ပြောထားပါတယ်။

စစ်ပွဲအတွင်း ကလေး ၂၁၃ ယောက်ထက် မနည်းသေဆုံးခဲ့ပြီး နိုင်ငံတောင်ပိုင်း အိုဒက်ဆာမြို့ မှာ ဧပြီ ၂၃ ရက်က ပစ်ခတ်မှုအတွင်း ၃လသား ကလေးတယောက် သေဆုံးတယ်လို့ ဒေသန္တရ အရာရှိတွေက ပြောထားပါတယ်။

ရုရှားကတော့ အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွဲချက်ကို ထပ်ခါတလဲ ငြင်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up