close

အပစ်ရပ်ရန် ကုလတိုက်တွန်းထားသည့်ကြားမှ ဒွန်းတက်စ်ခ်ဒေသတွင် ပစ်ခတ်မှုဖြစ်

အော်သိုဒေါက် ခရစ်ယာန်တွေရဲ့ ရက်ကြီးခါကြီး ကာလ ၄ ရက်တာ အပစ်ရပ်စဲထားဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းထားပေမယ့် ဒွန်းတက်စ်ခ် ဒေသမှာ အမြောက်ပစ်ခတ်မှုတွေ ဆက်ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့မှာ ကုလအကြီးအကဲက အီစတာကာလ ဧပြီ ၂၁ ရက်ကနေ ၂၄ ရက်အထိ အပစ်ရပ်ပြီး စစ်ဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဆော်သြထားတာပါ။ 

ဒါပေမဲ့ တရုတ်ရုပ်သံ (CGTN) သတင်းထောက်က စစ်ဖြစ်နေတဲ့ ဒွန်းတက်စ်ခ်ဒေသ ရှေ့တန်း စစ်မျက်နှာအထိ သွားပြီး အမြောက်ပစ်ခတ်နေတာတွေကို သွားရောက် ရိုက်ကူးထားတာပါ။

ရုရှားဟာ ယူကရိန်းနိုင်ငံထဲက ဒွန်းဘက်စ်ဒေသနဲ့ တောင်ပိုင်းဒေသကို အပြည့်အ၀ ထိန်းချုပ်ဖို့ ထိုးစစ်ပြန်စနေတာပါ။ 

ဒွန်းဘက်စ်ဒေသကို အပြည့်အ၀ ထိန်းချုပ်နိုင်မယ်ဆိုရင် ရုရှားက ထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားဒေသနဲ့ ဗျူဟာမြောက် လမ်းပွင့်သွားမှာ ဖြစ်သလို ပင်လယ်နက်ဆိပ်ကမ်းတွေ အပါအဝင် ယူကရိန်းကို ထိန်းချုပ်ရတာ ပိုပြီး လွယ်ကူသွားစေနိုင်တယ်လို့ ရုရှားစစ်တပ် အလယ်ပိုင်း စစ်တိုင်းရဲ့ ဒုတိယအကြီးအကဲက လုံခြုံရေးဆိုင်ရာအစည်းအဝေးမှာ မကြာသေးခင်က ပြောကြားထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up