close

တက္ကသိုလ်များ မေလ ၁၂ ရက် ပြန်ဖွင့်မည်၊ ကျောင်းတက်ရက် ၅၃ ရက် လျှော့ချသတ်မှတ်

ပိတ်ထားတဲ့ တက္ကသိုလ်ကျောင်းတွေကို လာမယ့် မေလ ၁၂ ရက်မှာ စတင် ဖွင့်လှစ်သွားမယ်လို့ ဧပြီ ၂၇ ရက် ဒီ‌နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီးက ပြောပါတယ်။

အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ခဲ့ချိန်မှာ ကျောင်းသား ၄၂ သိန်းကျော် ကျောင်းတက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၁ ရာခိုင်နှုန်န်း ရှိခဲ့သလို တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုဖို့ ဖောင်တင်တဲ့သူ ၉၀ ဒသမ ၁၈ ရာခိုင်နှုန်း ရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီခန့် ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူကတော့ "ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကိုဗစ်ရောဂါကာကွယ်ရေး ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ပေါင်းစပ်ကာ စစ်ဆေးသွားမှာဖြစ်ပြီး ကျောင်းတက်ရက်ကိုတော့ ၅၃ ရက် သတ်မှတ်ထားတယ်" လို့ ပြောပါတယ်။

တက္ကသိုလ်ကျောင်းတွေရဲ့ အရင်ကျောင်းတက်ရက်မှာ ရက်ပေါင်း ၈၀ ဖြစ်ပြီး လာမယ့် တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်ချိန်မှာတော့ ကျောင်းတက်ရက် ၅၃ ရက်သာ ရှိမှာဖြစ်သလို ရာခိုင်နှုန်းအားဖြင့် ၆၆ ရာခိုင်နှုန်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောင်းဖွင့်ရက်က အရင်နဲ့နှိုင်းယှဉ်ရင် ၃ ပုံ ၂ ပုံသာရှိလို့ လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းတွေအတွက် ရန်ကုန်၊ မန္တလေး၊ ဒဂုံနဲ့ ရန်ကုန်အဝေးသင်တက္ကသိုလ်က ဆရာကြီး ဆရာမကြီးတွေက သင်ရိုးညွှန်တမ်းပေါင်းဆွဲထားတယ်လို့ ပြောပါတယ်။

ဒါ့ပြင် တက္ကသိုလ်ကျောင်းတွေမှာ ဆရာ ဆရာမ ၃,၅၅၈ ယောက် ခန့်ထားသလို လာမယ့် ရက်အတွင်းမှာ နည်းပြ သရုပ်ပြတွေကို ထပ်မံခန့်အပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up