close

ကလေးမြို့ ၌ ကွန်ပျူတာတက္ကသိုလ် CDM ဆရာမနှင့် ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ကလေးမြို့ပင်မသပိတ်မှာ ပါဝင်သူ ကိုကျော်စိုးထွေးနဲ့ သူရဲ့ ဇနီး ကွန်ပျူတာတက္ကသိုလ် CDM ဆရာ ဒေါ်အေးအောင်တို့ကို စစ်ကောင်စီတပ်သားတွေက ဧပြီ ၂၆ ရက်က ဖမ်းဆီးလိုက်ပါတယ်။ 

ကိုကျော်စိုးထွေးတို့ ဇနီးမောင်နှံကို ဖမ်းဆီးပြီးနောက် ပင်မသပိတ်မှာပါဝင်တဲ့ တခြားလူတွေရဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က  လိုက်လံရှာဖွေနေပြီး နေအိမ်ထဲက ပစ္စည်းတွေကိုလည်း ထုခွဲချိုးဖဲ့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပင်မသပိတ်မှာ ပါဝင်တဲ့သူတွေ ၃ ရက်အတွင်း အဖမ်းခံဖို့နဲ့  အဖမ်းအဆီးမခံပါက နေအိမ်ကို ချိတ်ပိတ်မယ်လို့လည်း စစ်ကောင်စီတပ်က ခြိမ်းခြောက်ကြိမ်းမောင်းသွားတယ်လို့ ဆိုပါတယ်

သပိတ်မှာ ပါဝင်သူတွေအနေနဲ့ စစ်ကောင်စီက လိုက်လံရှာဖွေဖမ်းဆီးနေတဲ့ အခက်အခဲအမျိုးမျိုးကြားက သပိတ်ဆက်မှောက်သွားမယ့်အကြောင်း၊ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပေးကြဖို့နဲ့ စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ တော်လှန်သွားကြမယ်လို့ ပင်မသပိတ်မှာ ပါဝင်သူ တဦးက ပြောပါတယ်။

ကလေးမြို့ပင်မသပိတ်ဟာ စစ်တပ် အာဏာသိမ်းပြီးကတည်းက နေ့စဉ်ရက်ဆက် စစ်အာဏာရှင်ကို နေ့စဉ်ရက်ဆက် ဆန္ဒပြလာခဲ့တာ ဒီကနေ့  ဧပြီ ၂၇ ရက်ဆိုရင် ရက်ပေါင်း ၄၄၄ ရက်ရှိပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up