close

မင်းတုန်းမြို့ ၌ ၂ လအတွင်း ဆိုင်ကယ်စီးရေ ၅၀ ခိုးယူခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့ရှိ  မြို့မရဲစခန်းနားမှာ   ဆိုင်ကယ် ၂ စီး  ဧပြီ ၂၈ ရက်ညက ခိုးယူခံလိုက်ရတယ်လို့  မြို့ခံတယောက်က ပြောပါတယ်။

ဆိုင်ကယ် ခိုးသူဟာ စာရင်းရုံးမှာကာထားတဲ့ သံဆန်ခါ (ဇကာ)ကို ဖျက်ပြီး ဆိုင်ကယ် ၁ စီကို ခိုးယူသွားတဲ့အပြင် နောက်ထပ် ဘေးအိမ်က ဆိုင်ကယ်တစီးကိုလည်း ခိုးယူသွားတာလို့   ဒေသခံက ဆက်ပြောပါတယ်။

မင်းတုန်းမြို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာဖြစ်ပြီး ဒေသခံတွေအနေနဲ့ အပြင်ကို ထွက်ပြီး ခိုးရဲမှာ မဟုတ်ဘူးလို့လည်း ဒေသခံ တယောက်က ပြောပါတယ်။

အခုရက်ပိုင်း မင်းတုန်းမြို့မှာ ဆိုင်ကယ်တွေ မကြာမကြာ ခိုးခံရပြီး ၂ လအတွင်း ဆိုင်ကယ်စီးရေ ၅၀ လောက် ခိုးခံရတယ်လို့ ရဲစခန်းစာရင်းတွေအရသိရပါတယ်။

ဒီလိုခိုးခံရတဲ့ ဆိုင်ကယ်တွေနဲ့ပတ်သက်လို့ ဒေသခံတချို့သာ ရဲစခန်းမှာ အမှုဖွင့်ကြပေမဲ့ ဘယ်သူမှ ပြန် မရကြဘူးလို့ ရဲစခန်းနဲ့နီးစပ်သူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up