ဒါကာမြို့တွင် အိဒ်ပွဲတော်အားလပ်ရက် အိမ်ပြန်ရန် လူထောင်သောင်းချီ စောင့်ဆိုင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော်ဒါကာက အဓိက ဘူတာရုံနဲ့ သင်္ဘောဆိပ်တွေမှာ ထောင်သောင်းချီနေတဲ့ ပြည်သူတွေဟာ အိဒ်အယ်လ်ဖှစ် အားလပ်ရက်မှာ မိသားစုတွေနဲ့အတူ ဆင်နွှဲဖို့ ဇာတိမြေကို ရထားတွေ၊ သင်္ဘောတွေ စီးပြီး အိမ်ပြန်ဖို့ စောင့်နေကြပါတယ်။
ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် ၂ နှစ်ကြာ ကန့်သတ်ခံရအပြီး သယ်ယူပို့ဆောင်ရေး ပုံမှန် ပြန်ဖြစ်လာလို့ လူအများအပြား ပျော်နေကြပါတယ်။
မနှစ်ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကြောင့် ပြည်နယ် နယ်စပ်တွေကို လူတွေ ဖြတ်သန်းခွင့် ပိတ်ထားခဲ့ပေမယ့် ဒီနှစ်တော့ အိမ်ကို ပြန်နိုင်ကြပါပြီ။
မွတ်စလင်တို့ရဲ့ ရာမာဒန် ဥပုသ်လအပြီး အိဒ်ပွဲတော်အတွင်း မြို့တော် ဒါကာကနေ သန်းချီတဲ့ ပြည်သူတွေဟာ သင်္ဘောတွေ၊ ဘတ်စ်ကားတွေ ရထားတွေနဲ့ ထွက်သွားကြဖို့ မျှော်လင့်ထားပါတယ်။
တောင်ပိုင်းမြို့က လူတွေက သူတို့ဇာတိမြေကို ရောက်ဖို့ အမြန်ဆုံးလမ်းဖြစ်တဲ့ ကူးတို့ရေယာဉ်တွေကို စီးဖို့ ပိုရွေးကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံ အတည်ပြုလူနာ စုစုပေါင်း ၁ ဒသမ ၉ သန်း ကျော်ခဲ့ပြီး ကူးစက်ခံ သေဆုံးသူ စုစုပေါင်း ၂၉,၀၀၀ ကျော်ခဲ့ပါတယ်။