ယူကရိန်း စစ်တပ်လေယာဉ်ကွင်း ပြေးလမ်းကို ရုရှား ပစ်ခတ်တိုက်ခိုက်

ယူကရိန်းနိုင်ငံ ဩဒဲ့ဇာမြို့က စစ်တပ်လေယာဉ်ကွင်း လေယာဉ်ပြေးလမ်းကို ဧပြီ ၃၀ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေလ ၁ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။
ဘယ်နေရာဆိုတာ မပြောထားတဲ့ ပစ်လွှတ်သည့်နေရာမှ ပစ်ခတ်ပြီး တိကျသေချာအောင် ထိမှန်နိုင်တဲ့ အိုးညစ်ခ်စ် ဒုံးကျည်တစ်စင်း ပစ်မှတ်ဆီသို့ အရှိန်ဖြင့် ပျံတက်သွားတဲ့ ရုပ်သံလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ယူကရိန်းကို ထောက်ပံ့ထားတဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းထားတဲ့ လေယာဉ်ကုန်လှောင်ရုံနဲ့ ပြေးလမ်းကို လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးခဲ့တာလို့ ဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းကတော့ ရုရှဒုံးကျည်ဟာ ဩဒက်ဇာမြို့ အဓိကလေဆိပ်ရဲ့ အသစ်ဆောက်ထားတဲ့ ပြေးလမ်းကို ထိမှန်ခဲ့တယ်လို့ ဧပြီ ၃၀ မှာ ပြောပါတယ်။ ဒါပေမဲ့ ဖြစ်ရပ်တခုတည်း ဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်း မသိရဘဲ ချက်ချင်း စစ်ဆေး အတည်ပြုနိုင်မှု မရှိပါဘူး။
ရုရှားဟာ ဘတ်စ်ရှန် မစ်ဇိုင်းဒုံးကျည်ကို သုံးပြီး ခရိုင်းမီးယားကနေ ပစ်လွှတ် တိုက်ခိုက်ခဲ့တာလို့ ဩဒက်ဇာ ဒေသန္တရအုပ်ချုပ်ရေးမှူး မက်ဆင်မ် မာချန်ကိုက ပြောပါတယ်။
ရုရှားက မာရီအူပယ်မြို့ကို ဧပြီ ၂၁ ရက်မှာ အောင်မြင်ခဲ့တယ်လို့ ကြေညာထားပါတယ်။
ဒါပေမဲ့ ဆိုဗီယက်ခေတ် အာဇော့ဗ်စတယ် သံမဏိစက်ရုံထဲမှာ ရာချီတဲ့ ယူကရိန်း စစ်သည်တွေနဲ့ အရပ်သားတွေဟာ စားနပ်ရိက္ခာ၊ သောက်ရေနဲ့ ဆေးနည်းနည်းနဲ့ ပိတ်မိနေဆဲလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။