ဝေဖန်မှုများအား တုံ့ပြန်နိုင်ရေး ချန်ပီယံလိဂ်ဆုဖလား ယူပြရန်လိုဟု ဒီဘရိုင်း ပြော

မန်စီးတီးအသင်းအနေနဲ့ ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်နိုင်ရေး ချန်ပီယံလိဂ်ဆုဖလားကို ယူပြ နိုင်ဖို့ လိုအပ်တယ်လို့ ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းက ပြောပါတယ်။
နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပြည်တွင်းမှာ အောင်မြင်မှုတွေရရှိနေပေမဲ့ ဥရောပပြိုင်ပွဲမှာတော့ မနှစ်က ဒုတိယရရှိခဲ့တာ အမြင့်ဆုံးအောင်မြင်မှုဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့မကစားခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ ချန်ပီယံလိဂ်ဆုဖလားယူပြမှသာ ဝေဖန်မှုသူတွေရဲ့ အမြင်ကို ပြောင်းလဲနိုင်မယ်လို့ ဒီဘရိုင်းက ပြောပါတယ်။
“တကယ်တော့ ပြီးခဲ့တဲ့နှစ်တွေကတည်းက ချန်ပီယံလိဂ်ဆုဖလားရယူဖို့ တိုက်ပွဲဝင်ခဲ့ပြီး နောက်ပိုင်းပွဲစဉ်တွေမှာ ကျနော်တို့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆုဖလားမရယူနိုင်သေးလို့ ဒါကပဲ ကျနော်တို့ကို ဝေဖန်စရာဖြစ်နေတယ်။ ချန်ပီယံလိဂ်ဆုဖလားရယူနိုင်မှပဲ ဝေဖန်သူတွေရဲ့အမြင်ကို ပြောင်းလဲနိုင်လိမ့်မယ်” လို့ ဒီဘရိုင်းက ပြောပါတယ်။
မန်စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဆီမီးဖိုင်နယ်ပထမအကျော့မှာ ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရထားပြီး ဗိုလ်လုပွဲကို ဒုတိယအကြိမ်တက်ရောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။