မန်စီးတီးကို အနိုင်ယူပြီး ရီးရဲလ်အသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီကနေ့မနက်အစောပိုင်းက ကစားသွားခဲ့တဲ့ မန်စီးတီးနဲ့ ပွဲစဉ်မှာ နောက်ကျဂိုးတွေနဲ့အတူ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ပထမအကျော့က ၄ ဂိုး ၃ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲချိန် ၇၃ မိနစ်မှာ ဦးဆောင်ဂိုးထပ်ပေးခဲ့ရလို့ ဂိုးပြတ်ရှုံး နိမ့်နေခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်သွင်းယူနိုင်ခဲ့တာပါ။
ပွဲချိန် ၉ဝ မိနစ်နဲ့ ၉၁ မိနစ်တွေမှာ လူစားဝင်ကစားသမား ရိုဒရိုင်ဂိုက ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းယူခဲ့လို့ ၂ ဂိုး ၁ ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
နှစ်ကျော့ပေါင်းရလဒ်အရ ၅ ဂိုးစီသရေကျနေတဲ့အတွက် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲချိန် ၉၅ မိနစ်မှာ ဘင်ဇီမာက ပင်နယ်တီကနေ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ချန်ပီယံလိဂ်မှာ ချန်ပီယံမဖြစ်ဖူးသေးတဲ့ မန်စီးတီးအတွက်တော့ ၂ နှစ်ဆက်တိုက် ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေး ကောင်းခဲ့ပေမယ့် နောက်ကျဂိုးတွေနဲ့အတူ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ဗိုလ်လုပွဲစဉ်ကို လာမယ့်မေလ ၂၉ ရက်နေ့ ပြင်သစ်နိုင်ငံမှာကျင်းပမှာဖြစ်ပြီး လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။