close

တာ့ခ်ခရိုင်တွင် တရားမဝင် ဝင်လာသည့် မြန်မာ ၁၅၆ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဝမ်းကျောက်မြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅၆ ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့တယ်လို့ AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင် အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း သတင်းရတဲ့အတွက် စစ်တပ်၊ ရဲနဲ့ ကျေးရွာလုံခြုံရေးအဖွဲ့တွေဟာ နယ်စပ်တလျှောက် ကင်းလှည့်စောင့်ကြပ်စဉ် ဒီနေ့မနက်အစောပိုင်းက ချိန်းထောင်းကျေးရွာအုပ်စု ဘန့်ဒဲန်ဝိုးကျေးရွာအနီး ကပေါတောင်ခပန်းက တောထဲမှာ အထုပ်အပိုးတွေ သယ်ပြီး လျှောက်လာနေတဲ့သူတွေကို တွေ့ရှိတာလို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

စစ်ဆေးမေးမြန်းရာမှာ အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၇၃ ဦး စုစုပေါင်း ၁၅၆ ဦးရှိပြီး မြန်မာဘက်ခြမ်းကနေ တရားမဝင် ဝင်ရောက်လာတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းပြီး လိုအပ်သလို အရေးယူဖို့ ဝမ်းကျောက်မြို့နယ် အုပ်ချုပ်ရေးရုံးကို ခေါ်ဆောင်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up