close

ဖားကန့်တွင် မြေစာပုံပြိုကျသဖြင့် ရေမဆေးကျောက်ရှာဖွေသူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မေ ၅ ရက် မနက်ပိုင်းက မြေစာပုံပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကောင်ဆန်ကျေးရွာမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်မှာ မြေစာပုံပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက် ရှာဖွေနေသူ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ၄ ဦး ဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၆ နာရီလောက်ဖြစ်တာ။ မြေစာပုံက အမြင့်ပေ ၂၀၀ လောက်ရှိတယ်။ ပြိုကျတော့ အောက်မှာ ရေမဆေးရှာနေတဲ့သူတွေကို ကျောက်တုံးတွေ ထိမှန်ပြီး ၇ ဦးလောက် ဒဏ်ရာရတယ်။ ၄ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်။ ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေကို မြစ်ကြီးနားဆေးရုံကို သယ်သွားတယ်။ ဒဏ်ရာမပြင်းတဲ့ သူတွေကိုတော့ ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်” လို့ မှော်အတွင်းနေထိုင်သူ ဒေသခံတဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်၊ မမုံကျေးရွာမှာရှိတဲ့ လုပ်ကွက်ဟောင်းတခုမှာ ဖေဖော်ဝါရီ ၁၈ ရက်က မြေစာပုံပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ မမုံကျေးရွာက အခြားလုပ်ကွက်တခုမှာလည်း မြေစာပုံပြိုကျခဲ့လို့ ရေမဆေးသမား ၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up