close

လိဂ်ပြိုင်ပွဲကို လက်လျှော့ပြီး ချန်ပီယံလိဂ်ဆုဖလားရယူရန် လီဗာပူးအသင်းကို ကာရေဂါ တိုက်တွန်း

လီဗာပူးအသင်းအနေနဲ့ ပရီးမီးယာလိဂ်ပြိုင်ပွဲကိုလက်လျှော့ပြီး ချန်ပီယံလိဂ်မှာ ဆုဖလားရယူနိုင်ဖို့ ဦးစားပေးလုပ်ဆောင်သင့်ကြောင်း ကစားသမားဟောင်း ကာရေဂါက တိုက်တွန်းပါတယ်။ 

လီဗာပူး အသင်းဟာ ဒီကနေ့ညမှာ ဆောက်သမ်တန်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အဓိကတိုက်စစ်မှူး ဆာလက်နဲ့ နောက်ခံလူ ဗန်ဒိုက်တို့ ဒဏ်ရာပြဿနာတွေကြောင့် ပါဝင်ကစားနိုင် ဖို့ ရုန်းကန်နေရပါတယ်။ 

နည်းပြယာဂန်ကလော့ပ်အနေနဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ဆာလာနဲ့ ဗန်ဒိုက်တို့ကို အရဲစွန့်ပြီး အသုံး ပြုမှာမဟုတ်ကြောင်း ကာရေဂါက ပြောပါတယ်။ 

အမာခံကစားသမားတွေ ဒဏ်ရာထပ်မရဖို့အတွက် လိဂ်ပြိုင်ပွဲကို လက်လျှော့ပြီး ချန်ပီယံလိဂ်ကို အာရုံစိုက်မယ်ဆိုရင် ချန်ပီယံဖြစ်ဖို့ ၈၀ ရာခိုင်နူန်း လောက် သေချာကြောင်း နောက်ခံလူဟောင်း ကာရေဂါက ပြောပါတယ်။ 

လီဗာပူးအသင်းဟာ လက်ကျန် ၂ ပွဲအလိုမှာ မန်စီးတီးနဲ့ ၄ မှတ်ကွာဟနေပြီး ဆောက်သမ်တန်ကို အနိုင်ရမယ်ဆိုရင် တမှတ်သာကွာဟတော့မှာပါ။ ဒါပေမဲ့ နောက်ဆုံးပွဲစဉ်မှာ မန်စီးတီးက အက်စတွန်ဗီလာနဲ့ တွေ့ဆုံနေပြီး အနိုင်ရခဲ့မယ်ဆိုရင် လီဗာပူးအသင်းရဲ့ရလဒ်ကို ကြည့်စရာမလိုဘဲ ချန်ပီယံဖြစ်ဖို့ သေချာသွားမှာဖြစ်ပါတယ်။ 

လီဗာပူးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်ကို မေ ၂၉ ရက်နေ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

//
Up