close

တူရကီအပေါ် ဆွီဒင်၏ ပိတ်ဆို့အရေးယူထားမှုအပေါ် လျစ်လျူမရှုနိုင်ဟု သမ္မတ အာဒိုဂန်ပြော

ဆွီဒင်နိုင်ငံက တူရကီနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို တူရကီအနေနဲ့ လျစ်လျူမရှုနိုင်ကြောင်း တူရကီသမ္မတ တေယစ်ပ်အာဒိုဂန်က မေ ၂၃ ရက်မှာ ပြောကြား ခဲ့ပါတယ်။ 

တူရကီဟာ နေတိုးမဟာမိတ်တွေ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုတ်သိမ်းဖို့ ဆွေးနွေးဆဲဖြစ်ကြောင်း သူ့နိုင်ငံရဲ့ နေတိုးအဖွဲ့မှာ အရေးပါတဲ့အခန်းကဏ္ဍကို ကိုးကားပြီးတော့ သမ္မတအာဒိုဂန်က အစ္စတန်ဘူလ်က ရေငုပ်သင်္ဘော ထုတ်လုပ်ရေး အခမ်းအနားမှာ ပြောကြားခဲ့တာပါ။  

ဆွီဒင်ဝန်ကြီးချုပ် မာဂလေနာအန်ဒါဆွန် ဆီကို စနေနေ့က ဖုန်းခေါ်ဆိုပြီး အာဒိုဂန်က ပြောကြားခဲ့ရာမှာ ၂၀၁၉ ခုနှစ်က ဆီးရီးယား ကျုးကျော်စစ်အပြီးမှာ တူရကီအပေါ် ချမှတ်ထားတဲ့ လက်နက်ပြည်ပတင်ပို့မှုအပေါ် ပိတ်ဆို့မှုကို  ရုတ်သိမ်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

လုံခြုံရေးဆိုင်ရာ သတိတရားတွေကို ထည့်မစဉ်းစားထားတဲ့ ချဲ့ထွင်ရေးမူဝါဒတွေဟာ တူရကီနဲ့ နေတိုးအတွက် မကောင်းကြောင်းလည်း  အာဒိုဂန်က ပြောကြားခဲ့ပါတယ်။ 

ဆွီဒင်နဲ့ ဖင်လန်တို့ရဲ့ ကမ်းခြေနေ ဒေသခံတွေဟာ ကာဒစ္စတန်အလုပ်သမားများပါတီ (PKK) အဖွဲ့နဲ့ ၂၀၁၆ ခုနှစ်က အာဏာသိမ်းဖို့ကြိုးပမ်းမှုကို ကြိုးကိုင်နေကြောင်း စွပ်စွဲထားတဲ့ ဖှက်သူလာ ဂူလန်ရဲ့နောက်လိုက်တွေနဲ့ အချိတ်အဆက်တွေ ရှိတယ်လို့လည်း တူရကီအစိုးရက ပြောပါတယ်။ 

ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ကျူးကျော်လာပြီးနောက် ဖင်လန်နဲ့ ဆွီဒင်တို့ဟာ နေတိုးအဖွဲ့ကို ဝင်ရောက်ဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တရားဝင် လျှောက်ထားခဲ့ပါတယ်။ 

တူရကီက အဲဒီနှစ်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်မှုကို ကန့်ကွက်လိုက်တာကြောင့် နေတိုးမဟာမိတ်နိုင်ငံ တွေ အံအားသင့်ခဲ့ရပါတယ်။

ဒါပေမဲ့ တူရကီရဲ့ ကန့်ကွက်မှုတွေဟာ  နေတိုးအဖွဲ့၀င် ဖွဲ့စည်းမှုလုပ်ငန်းစဉ်အတွက် လမ်းပိတ်သွားမှာ မဟုတ်ကြောင်း အနောက်နိုင်ငံခေါင်းဆောင်တွေက သူတို့ယုံကြည်မှုကို ထုတ်ဖော် ပြောခဲ့ပါတယ်။ 

//
Up