စကြဝဠာထဲ ဥက္ကာပျံစင်းရေ ၁ သိန်းခန့် ဖြတ်သန်းမှု ဘရာဇီးပညာရှင်များ မှတ်တမ်းတင်

ထိုး-ဟာကျူးရစ် ဥက္ကာပျံဟာ ကမ္ဘာ့လေထုထဲ ဖြတ်သန်းဝင်ရောက်ရင်း စကြဝဠာထဲက ကျောက်တုံးတွေကိုပါ သယ်လာခဲ့လို့ မေ ၃၁ ရက်ညဦးပိုင်းက ကောင်းကင်မှာ ထွန်းလင်းတောက်ပခဲ့ပါတယ်။
အချိန်တနာရီမှာ ဥက္ကာပျံစင်းရေ တသိန်းလောက်ဟာ အမြန်နှုန်း ၉ ဒသမ ၉ မိုင်နှုန်းလောက်နဲ့ ဖြတ်သန်းဝင်ရောက်လာတာကို မှတ်တမ်းတင်ရလိမ့်မယ်လို့ ပညာရှင်တွေက ဟောကိန်းထုတ်ထားပါတယ်။
ဥက္ကာပျံတွေကို ဘရာဇီးအပါအဝင် တောင်ဘက်ကမ္ဘာခြမ်းက စောင့်ကြည့်လေ့လာသူတွေ အနေနဲ့ မြင်နိုင်သလို မြောက်ကမ္ဘာခြမ်းက လေ့လာသူတွေက ပိုကောင်းကောင်း မြင်နိုင်ပါတယ်။
ကြယ်တံခွန် 73 P ဖြတ်သန်းသွားလို့ ကျန်ရစ်ခဲ့တဲ့ အပိုင်းအစတွေကြောင့် ဒီဥက္ကာပျံတွေကို တွေ့ရတာပါ။
“ကမ္ဘာဂြိုဟ်ဟာ ဒီအပိုင်းအစတွေရဲ့ ပတ်လမ်းကြောင်းကို ပထမဆုံးအကြိမ် ဖြတ်ကျော်ခဲ့လို့ ကျနော်တို့ရဲ့ လေထုထဲကို အပိုင်းအစတွေ ဝင်လာခဲ့တာ” လို့ ဟဲလာအန်ယွန်း အာကာသ လေ့လာရေးစခန်း ညွှန်ကြားရေးမှူး ကားလော့စ် ဖာနန်ဒိုယွန်းက ပြောပါတယ်။
ဟဲလာအန်ယွန်း အာကာသလေ့လာရေးစခန်းဟာ ၉ ဒသမ ၉ စက္ကန့်ကြာတဲ့ ဥက္ကာပျံပြိုကျမှုကို မှတ်တမ်းတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အကြာဆုံးမှတ်တမ်းလို့လည်း ပြောပါတယ်။
ဥက္ကာပျံဟာ အမြင့်ပေ ၈၈ ဒသမ ၃ ကီလိုမီတာ (၅၄ ဒသမ ၈ မိုင်) မှာ လေထုထဲ ဝင်ရောက်ခဲ့ပြီး သမုဒ္ဒရာထဲကို ကျဆင်းခဲ့ပါတယ်။