close

မိုးကုတ်မြို့နယ်တွင် လမ်းဆောက်လုပ်ရေး ဝန်ထမ်း ၁ ဦး ဓားထိုးခံရပြီး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ကင်းတံတားကြီး ကျေးရွာမှာနေထိုင်တဲ့ လမ်းဆောက်လုပ်ရေး ဝန်ထမ်းတယောက်  ဇွန် ၃ ရက်မနက်ပိုင်းက မန္တလေးမိုးကုတ်လမ်းမှာ ဓားထိုးခံရပြီး သေဆုံးသွားပါတယ်။

ကင်းတံတားကြီးကျွေးရွာကနေ မန္တလေးဘက်ကိုထွက်တဲ့ လမ်းအောက်ဘက် ချိုင့်ထဲမှာ လည်ပင်းလှီးဒဏ်ရာနဲ့ ရင်ဘတ်ဓားထိုးခံရပြီး သေဆုံးနေတာကို မြင်ခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"ကားရပ်ထားတဲ့နားမှာ သွေးတွေ တွေ့လို့ သွေးရှိတဲ့ လမ်းအတိုင်း ဆင်းကြည့်တာ ဒဏ်ရာတွေနဲ့ သေနေတာကိုတွေ့ခဲ့ရတာ။ ကားက လမ်းမပေါ်မှာ ရပ်ထားတာ။ ကားပေါ်မှာလည်း သွေးတွေပဲ"လို့ အနီးအနားဒေသခံ တစ်ဦးက​ ပြောပါတယ်။

ကားပေါ်မှာ သတ်ခံရပြီးနောက် အလောင်းကို လမ်းအောက်ထဲ ဆွဲသွားတာဖြစ်နိုင်တယ်လို့​ ဒေသခံတွေက သုံးသပ်ကြပါတယ်။

မန္တလေး- မိုးကုတ်လမ်းပေါ်က ရေနီကျေးရွာမှာ လမ်းပြုပြင်နေတာ ကြာပြီဖြစ်​ပြီး သတ်ခံရသူဟာ လမ်းဆောက်လုပ်ရေးက လမ်းဗိုလ်ဖြစ်တယ်လို့ သိရကာ ကင်းတံတားကြီးကျေးရွာမှာ အိမ်ငှားနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာကြောင့်သတ်ခံရလဲဆိုတာ မသိရသလို ဘယ်သူက သတ်သွားတယ်ဆိုတာကိုလည်း မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

//
Up