close

တရုတ်အာကာသယာဉ်မှူး ၃ ဦး အာကာသစခန်းရှိ ယာဉ်ငယ်အတွင်း ရောက်ရှိ

ရှန်ကျိုး-၁၄ အာကာသယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ တရုတ်အာကာသယာဉ်မှူး သုံးယောက်ဟာ အာကာသစခန်းရှိ အလယ်ဗဟို မော်ဂျူးယူနစ်ဖြစ်တဲ့ ထျန်းဟယ်ယာဉ်ငယ်ထဲကို  ဇွန် ၅ ရက်က ဝင်ရောက်ခဲ့တယ်လို့ တရုတ်အာကာသအေဂျင်စီ (CMSA) က ပြောပါတယ်။

ရှန်ကျိုး-၁၄ ဟာ ထျန်းဟယ် မော်ဂျူးယူနစ်၊ ထျန်းကျိုး-၃ ကုန်တင်ယာဉ်တွဲနဲ့ ထျန်းကျိုး-၄ ကုန်တင်ယာဉ်တွဲတို့ ပေါင်းစပ်မှုနဲ့အတူ လျင်မြန်တဲ့အလိုအလျောက်ဆုံရပ်နဲ့ အထိုင်ချတာကို အောင်မြင်စွာလုပ်ဆောင်ပြီးမြောက်ခဲ့ပြီးနောက် ရှန်ကျိုး-၁၄ က အာကာသယာဉ်မှူးတွေဟာ အာကာသယာဉ်ကြီးရဲ့ အပြန်ယာဉ်ငယ် အစိတ်အပိုင်းကနေ ပတ်လမ်းကြောင်း ယာဉ်ငယ်အစိတ်အပိုင်းထဲကို ဝင်ရောက်လာခဲ့ပါတယ်။

ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ပြီးနောက်မှာ အာကာသယာဉ်မှူးတယောက်ဖြစ်တဲ့ ချန်းတုံးက ထျန်းဟဲမော်ဂျူးကို ဖွင့်လိုက်ပြီး ပေကျင်းစံတော်ချိန် ၂၀ နာရီ မိနစ် ၅၀ မှာ ချန်းတုံး၊ လျိုယန်နဲ့ ခိုင်ရှုကျယ်တို့ တယောက်ပြီးတယောက် ဝင်ရောက်လာကြပါတယ်။

တရုတ်အာကာသယာဉ်မှူး သုံးယောက်ဟာ သက်ဆိုင်ရာလုပ်ငန်းတွေကို စီစဉ်ထားတဲ့အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း CMSA က ပြောပါတယ်။

//
Up