close

ဗန်းမော်မြို့တွင် ညီအစ်ကို အချင်းချင်း လူသတ်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်မှာ  ဇွန် ၈ ရက် မနက်က  ညီအစ်ကိုအချင်းချင်း ရန်ဖြစ်ပြီး  စကားများကြရာကနေ  လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၂၄ နှစ်အရွယ် ကိုနန္ဒစည်သူ (ခ)ကိုဖိုးသားကြီးဖြစ်ပြီး အခင်းမဖြစ်ခင် မူးယစ်ဆေးကြောင်ကာ အိမ်သားတွေကို ရန်ရှာနေတာကြောင့် သူ့ရဲ့ညီဖြစ်သူ ဖိုးသားလေးက ဒေါသမထိန်းနိုင်ဘဲ ဓားနဲ့ခုတ်သတ်ခဲ့မိတာလို့ ဆိုပါတယ်။

ပေါက်ကုန်းရပ်ကွက်နေသူအမျိုးသမီးတစ်ဦးက “ညကြီးမိုးချုပ် လူနာတင်ယာဥ်အသံတွေ ကြားရတယ်။ သေတဲ့သူက မူးယစ်ဆေးကြောင်ပြီး အမြဲပြဿနာရှာတတ်တယ်။ ရဲတွေက အကြာကြီးနေမှရောက်လာတာ သူ့ညီကို ရဲတွေခေါ်သွားပြီ။ တရားခံမှာ အမျိုးသမီးက ကိုယ်၀န်နဲ့ ကျန်ခဲ့တယ်”လို့ ပြောပါတယ်။

အခင်းဖြစ်ပွားပြီးချိန်မှာ ဗန်းမော်မြို့က လူနာတင်ယာဥ်လူမှုကူညီရေးအသင်း ဇောတိကနဲ့ သုညသုခပရဟိတအသင်းတို့ လာရောက်ပြီး သေဆုံးသွားသူရဲ့ အလောင်းကို ဗန်းမော် ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့သယ်ဆောင်သွားကြပါတယ်။

သေဆုံးသွားသူရဲ့  ညီဖြစ်သူကိုတော့ ဥပဒေအတိုင်း အရေးယူဖို့  ဗန်းမော်မြို့မရဲစခန်းက လာရောက်ဖမ်းဆီးသွားပါတယ်။

//
Up