close

တပ်ဌာနချုပ်မှူးများ ကိုယ်တာဝန်ယူထားသည့်တပ်ကို စနစ်တကျကွပ်ကဲအုပ်ချုပ်ရန် စစ်ခေါင်းဆောင်တိုက်တွန်

တပ်ဌာနချုပ်တွေမှာ တာဝန်ယူထားတဲ့ ဌာနချုပ်မှူးတွေအနေနဲ့   ကိုယ်တာဝန်ယူ ဆောင်ရွက်နေရတဲ့ တပ်တွေကို စနစ်တကျနဲ့ ကွပ်ကဲအုပ်ချုပ်ဖို့နဲ့ စည်းကမ်းစနစ်တကျရှိပြီး အမိန့်နာခံမှုအားကောင်းတဲ့ တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ 

ဇွန် ၁၀ ရက်က သန်လျင်တပ်နယ်နဲ့ ဒလတပ်နယ်တို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်တွေက ဌာနချုပ်မှူးတွေ၊ အရာရှိကြီးတွေကို ဗိုလ်တထောင်မြို့နယ်ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်ခန်းမမှာ တွေ့ဆုံစဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

တပ်ဌာနချုပ်တစ်ခုရဲ့ ကောင်းခြင်း၊ မကောင်းခြင်ဟာ  ဒီတပ်ကို ဦးဆောင်ရတဲ့ ဦးစီးခေါင်းဆောင်တွေနဲ့ တိုက်ရိုက်သက်ဆိုင်မှုရှိပြီး ခေါင်းဆောင်မှုကောင်းစွာ ကွပ်ကဲအုပ်ချုပ်နိုင်မှသာလျင် တပ်ကောင်းတစ်ခုဖြစ်လာမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

တပ်ဌာနချုပ်ကို ခေါင်းဆောင်နေသူအနေနဲ့  ခေါင်းဆောင်ကောင်း တစ်ယောက်နဲ့ လျော်ညီစွာ နေထိုင်ပြောဆိုလုပ်ကိုင်ဖို့၊ အကျင့်စာရိတ္တကောင်းမွန်ဖို့၊ စနစ်တကျ နေထိုင်သွားလာတတ်ဖို့နဲ့ မိမိကွပ်ကဲအုပ်ချုပ်ရတဲ့ အရာရှိ၊ စစ်သည်တွေကို စည်းကမ်းတကျနေထိုင် ပြောဆိုတတ်စေရေး ကြပ်မတ်ဆောင်ရွက်ဖို့လည်း ပြောပါတယ်။

ဒါ့အပြင် ရေကြောင်းသွားလာမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမှုရှိစေရေး စနစ်တကျ ကွပ်ကဲကြပ်မတ်ဖို့ စည်းကမ်းချိုးဖောက်တဲ့ ရေယာဉ်၊ သင်္ဘောတွေ မရှိစေရေး ဆောင်ရွက်ဖို့နဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကား သယ်ဆောင်နေမှုမရှိစေရေး တားဆီးဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်။ 

စစ်ခေါင်းဆောင်  သန်လျင်တပ်နယ်နဲ့ ဒလတပ်ကို သွားရောက်တဲ့ကာလအတွင်း သံလျင်မြို့နယ်၊ ဒလမြို့နယ်နဲ့ လုံခြုံရေးတွေ တင်းကျပ်ချထားပြီး  ရန်ကုန်မြစ်အတွင်းမှာလည်း လှေ၊ သင်္ဘောတွေ သွားလာမှုကိုလည်း ရှင်းလင်းထားတာဖြစ်ပါတယ်။ 

Photo-DSINFO

//
Up