ပေါ့ဘာကို ခေါ်ယူနိုင်ရန် ဂျူဗင်တပ်စ်အသင်း ဆွေးနွေး

1.7K
မန်ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာကို ဒုတိယအကြိမ်မြောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းရဲ့ ဆွေးနွေးမှု စတင်နေပြီဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာကို မန်ယူအသင်း အကယ်ဒမီကနေ အသင်းကြီးဆီကို မပြောင်းရွှေ့မီအချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ဖူးပြီး နောက်ပိုင်းမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ နဲ့ ပြန်လည်ရောင်းထုတ်ခဲ့ပါတယ်။
အခုအချိန်မှာလည်း မန်ယူအသင်းဆီကပဲ ပြန်လည်ခေါ်ယူဖို့ စီစဉ်နေရာမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ဒုတိယအကြိမ်မြောက် ခေါ်ယူဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ မန်ယူအသင်းနဲ့ အခုရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုး ဆွေးနွေးမှုတွေကို ငြင်းဆန်ပယ်ချခဲ့သူ ဖြစ်ပါတယ်။