close

ဒွန်ဘက်စ်ဒေသတွင် တိုက်ပွဲဆက်ဖြစ်နေ၊ လက်နက်ပိုမိုထောက်ပံ့ရန် ယူကရိန်းသမ္မတတောင်းဆို

ယူကရိန်းအရှေ့တောင်ပိုင်း၊ ဒွန်ဘက်စ်ဒေသမှာ ရုရှားတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားခဲ့‌ ကြောင်း ယူကရိန်းသမ္မတ ဇလန်စကီးက ဇွန်လ ၁၀ ရက်မှာ ပြောကြားလိုက်ပြီး ကိယက်ဗ်ကို လက်နက်တွေ ပိုမိုထောက်ပံ့ပေးဖို့လည်း အနောက်နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းစစ်တပ်ဟာ လက်နက်ကြီးတွေ ရရှိနိုင်သမျှ ဆက်လက်ခုခံနိုင်မှာဖြစ်ကြောင်း သူ့ရဲ့ ညစဉ် ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းက လူဟန့်စ်ခ်နဲ့ အိမ်နီးချင်း ဒွန်နက်စ်ခ်ကို ခွဲထွက်ရေးသမားတွေကို ပေးအပ်ဖို့ ယူကရိန်းကို တောင်းဆိုထားပါတယ်။  

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ မြို့တော်ရဲ့လူနေရပ်ကွက်တွေကနေ အများအပြား ဆုတ်ခွာခဲ့ပေမယ့် ဆီဗာစကီ-ဒိုနက်စ်မြစ် အရှေ့ဘက်ကမ်းက ခြေကုပ်စခန်းကိုတော့ မစွန့်လွှတ်ခဲ့ပါဘူး။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံသားတွေကို ဝိုင်းထားမိဖို့ မြောက်ကနေ တောင် တိုက်လာ ပေမယ့် ခုချိန်ထိတော့ တိုးတက်မှု သိပ်မရှိသေးပါဘူး။

နှစ်ဖက်စလုံးကတော့ အသေအပျောက် များခဲ့တယ်လို့ ဆိုပေမဲ့ တိုက်ပွဲသတင်း အစီရင်ခံစာတွေ ကိုတော့ ရိုက်တာက ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။

ဂျာမနီကတော့ ယူကရိန်းလို ဒီမိုကရေစီနိုင်ငံတွေကို လက်နက်တပ်ဆင်ရာမှာ ပိုမိုလွယ်ကူစေဖို့ လက်နက်တင်ပို့မှုဆိုင်ရာ စည်းမျဉ်းတွေကို ပြန်လည်ပြင်ဆင်ဖို့ စီစဉ်နေကြောင်း ဒယ်ရ်-စပီးဂဲလ် အွန်လိုင်းသတင်းဌာနက ဖော်ပြထားပါတယ်။ 

ဂျာမနီဟာ ရုရှားက ကျူးကျော်ပြီးနောက်ပိုင်း လက်နက်အကြီးအကျယ် ထောက်ပံ့ပေးသူ ဖြစ်ပေမယ့် လိုအပ်တဲ့လက်နက်ကြီးတွေကို ထောက်ပံ့ပေးဖို့ နှေးကွေးတယ်လို့ ယူကရိန်းက ဝေဖန်ထားပါတယ်။ 

//
Up