close

နူနက်ဇ်ကို ပေါင် ၈၅ သန်းဖြင့် ရောင်းချခဲ့သော်လည်း ပေါင် ၄၇သန်းသာ ဘင်ဖီကာအသင်းရရှိ

ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းဟာ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ပေါင် ၈၅ သန်းနဲ့ ရောင်းချခဲ့ပေမဲ့ ပေါင် ၄၇ သန်းသာ ကနဦးရရှိခဲ့တယ်လို့ သိရပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ လီဗာပူးနဲ့ ၆ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တပတ်လုပ်ခ ပေါင် ၁ သိန်း ၄ သောင်းခန့် ရရှိမှာပါ။

ဘင်ဖီကာအသင်းဟာ နူနက်ဇ်ကို ပေါင် ၈၅ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပေမဲ့ အသင်းဟောင်း ၂ သင်းနဲ့ အေးဂျင့်ကို ပေးရတာက ပေါင် ၁၇ သန်းအထိ ရှိခဲ့တာပါ။

အပြောင်းအရွှေ့ကနေ ရရှိငွေထဲကနေ နူနက်ဇ်ရဲ့ မိခင်ကလပ် ပင်နာရိုကို ပေါင် ၂ သန်းနီးပါး ပေးခဲ့ရသလို စပိန်ကလပ် အယ်လ်မားရီးယားကိုလည်း ပေါင် ၉ သန်းနီးပါး ပေးချေခဲ့ရတာပါ။

ဒါ့အပြင် အေးဂျင့်အတွက် ပေါင် ၁၀ သန်း ပေးခဲ့ရပြီး ပေါင် ၆၄ သန်းသာ ကျန်ရှိတော့တာပါ။ အဲဒီထဲကနေ ပေါင် ၄၇ သန်းပဲ လက်ငင်းငွေကြေးရရှိခဲ့တာဖြစ်ပြီး လက်ကျန် ပေါင် ၁၇ သန်းက နူနက်ဇ်ရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ရရှိမှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်ဆိုင်ရာ သတ်မှတ်ချက်တွေထဲမှာ ၁၀ ပွဲကစားပြီးတာနဲ့ ပေါင် ၄ ဒသမ ၃ သန်း ရရှိမှာဖြစ်ပြီး ခြေစွမ်းအပေါ်မူတည်ပြီး ပေါင်၈ ဒသမ ၆ သန်း ထပ်မံရရှိမယ်လို့ သိရပါတယ်။

//
Up