close

ဘိုင်ယန်မြူးနစ်အသင်းသို့ ၃ နှစ်စာချုပ်ဖြင့် မာနေး ပြောင်းရွှေ့ကစားမည်

လီဗာပူးတိုက်စစ်မှူး မာနေးဟာ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

ဘိုင်ယန်အသင်းဟာ မာနေးအတွက် ၂ ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့မှု ပယ်ချခံခဲ့ရတဲ့အပြီး ၃ ကြိမ်မြောက်မှာ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဘိုင်ယန်အသင်းရဲ့ တတိယအကြိမ် ကမ်းလှမ်းချက်ဟာ ပေါင် ၃၀ ဒသမ ၁ သန်းအပြင် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၄ ဒသမ ၃ သန်း ပေးချေမှာဖြစ်ပြီး လီဗာပူးအသင်းနဲ့လည်း သဘောတူညီမှု ရနေပြီလို့ ဆိုပါတယ်။

ဘိုင်ယန်အသင်းဟာ ဇွန် ၁၃ ရက်နေ့ကလည်း အိုင်ယက်ဇ်ကွင်းလယ်လူ ဂရာဗန်ဘက်ချ်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါတယ်။

အသက် ၃၀ အရွယ် မာနေးဟာ ပြင်သစ်ကလပ် မက်ဇ်အသင်းနဲ့အတူ ကစားသမားဘဝ စတင်ခဲ့တာပါ။ အဲဒီနောက် ဆဲလ်ဘက်နဲ့ ဆောက်သမ်တန်အသင်းတွေမှာ ပြောင်းရွှေ့ကစားခဲ့ရင်း၂၀၁၆ ခုနှစ်က လီဗာပူးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

//
Up