တရုတ်နိုင်ငံတွင် မိုးကြီးပြီး ရေလွှမ်းမိုးနေ

တရုတ်နိုင်ငံ အရှေ့တောင်ဘက်မှာ မိုးကြီးလို့ ဆက်ပြီး ရေလွှမ်းနေတယ်လို့ တရုတ်အစိုးရ ရုပ်သံ CCTV က ဇွန် ၂၁ ရက်မှာ ပြောပါတယ်။
အကြီးစား ကုန်ထုတ်လုပ်ရေး ပြည်နယ်ဖြစ်တဲ့ ကျဲ့ကျန်းပြည်နယ် ချူကျိုးမြို့မှာ ကယ်ဆယ်ရေးသမားတွေက ကျွဲ နွား မွေးမြူရေးသမားတွေကို ဇွန် ၂၀ ရက်က ကူညီခဲ့ရပါတယ်။ ရေက နွားလည်ပင်းထိရောက်အောင် ရေကြီးနေခဲ့တာပါ။
တရုတ်နိုင်ငံရဲ့ လူအထူထပ်ဆုံးပြည်နယ် ကွမ်တုံက ရှောင်ကွမ်းမြို့ရဲ့ လမ်းတွေမှာလည်း မြစ်တွေလို ဖြစ်နေတာကို ဇွန် ၂၁ ရက်က ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ သမိုင်းကြောင်းအရ နွေရာသီ ရေကြီးတဲ့ဒဏ်ကို ကြုံနေကြဖြစ်ပြီး လတ်တလောနှစ်တွေမှာတော့ သစ်တောပြုန်းတီးတာ၊ စိမ့်မြေတွေကို ဖော်ယူဆယ်တင်တာ၊ စိုက်ပျိုးရေးနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် ရေသိုလှောင်တာတွေကြောင့် ရေကြီးတဲ့ဒဏ်ကို ပိုပြီး ခံနေရပါတယ်။ ဒါပေမဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့်လို့ အပြစ်တင်ထားပါတယ်။