close

ဘင်္ဂလား‌ဒေ့ရှ်တွင် ရေကြီးမှုကြောင့် လူ ၃၂ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အရင်အပတ်နှောင်းပိုင်းကစတဲ့ ရေကြီးမှုတွေကြောင့် လူ ၃၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံဟာ မုတ်သုံမိုးကြောင့် အရှေ့မြောက်ပိုင်းမှာ ကပ်ဆိုက်လောက်အောင် ရေကြီးနေပြီး ပြည်သူ ၁၅ သန်းကျော်ဟာ အမြန်တက်လာတဲ့ ရေတွေနဲ့ လျှံကျလာတဲ့ မြစ်ရေတွေကြားမှာ သောင်တင်နေပါတယ်။

ရေဘေးသင့် အမျိုးသားတယောက်က “ကျနော်တို့မှာ လှေတွေ ခြံမွေးတိရစ္ဆာန်တွေနဲ့ ချက်စားစရာ စားနပ်ရိက္ခာ ပြဿနာတွေကို ရင်ဆိုင်နေရတယ်” လို့ ပြောပါတယ်။

ရေဘေးသင့်ဒေသခံ နောက်တယောက်ကတော့ ခြံမွေးတိရစ္ဆာန်တွေနဲ့ အတူတူနေနေရတယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေက ဒေသခံတွေဆီကို ရဟတ်ယာဉ်တွေကတဆင့် အကူအညီတွေ ချပေးနေပြီး ရေသန့်ဆေးပြားတွေ၊ ဆေးတွေ၊ ရိက္ခာခြောက်အထုပ်တွေ စုစုပေါင်း ၅၈,၀၀၀ နဲ့ ဆန်တန်ချိန် ၁,၇၂၀ ပို့ပေးဖို့ အာဏာပိုင်တွေက ကြိုးစားနေကြပါတယ်။

//
Up