close

တိုက်စစ်မှူး လူကာကူ အငှားစာချုပ်ဖြင့် အင်တာမီလန်သို့ ပြန်လည်ပြောင်းရွှေ့

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်အသင်းဆီကို အငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကမှ အင်တာကနေ ပေါင် ၉၈ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူဟာ အသင်းအတွက် စုစုပေါင်း ၄၄ ပွဲမှာ ၁၅ ဂိုး သွင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း နည်းပြတူချယ်ရဲ့ ကစားကွက်အပေါ် ဝေဖန်မှုတွေရှိခဲ့လို့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ပြီးနောက်မှာ အင်တာမီလန်ဆီ အငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အင်တာမီလန်အသင်းဟာ လူကာကူကို တရာသီအငှားစာချုပ်ခအတွက် ပေါင် ၈ သန်း ချဲလ်ဆီးအသင်းကို ပေးချေရမှာပါ။ လူကာကူဟာ အင်တာနည်းပြသစ် အင်ဇာဂီနဲ့လည်း ဖုန်းနဲ့ဆက်သွယ် ဆွေးနွေးခဲ့သေးတယ်လို့ ဆိုပါတယ်။

ချဲလ်ဆီးအသင်းဟာ လူကာကူရဲ့နေရာအတွက် မန်စီးတီး တိုက်စစ်ကစားသမား စတာလင်ကို အစားထိုးခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

//
Up