လီဗာပူးတိုက်စစ်မှူး မာနေးကို ဘိုင်ယန်မြူးနစ် ၃ နှစ်စာချုပ်ဖြင့် ခေါ်ယူ

336
လီဗာပူးအသင်းမှ ဆီနီဂေါတိုက်စစ်ကစားသမား မာနေးကို ၃ နှစ်စာချုပ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူနိုင်ခဲ့တယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အသက် ၃၀ နှစ်အရွယ်ရှိ မာနေးရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၄၂ ဒသမ ၅ သန်းအထိ အလိုရှိခဲ့ပေမဲ့လည်း နောက်ဆုံးမှာ ပေါင် ၃၅ ဒသမ ၁ သန်းနဲ့ သဘောတူညီမှု ရခဲ့တာပါ။
ဘိုင်ယန်အနေနဲ့ ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂၇ ဒသမ ၄ သန်း ပေးချေရပြီး ပွဲကစားမှုအပေါ် ပေါင် ၅ ဒသမ ၁ သန်း၊ တဦးချင်းနဲ့ အသင်းလိုက်အောင်မြင်မှုအပေါ် ပေါင် ၂ ဒသမ ၆ သန်း ထပ်ပေးရမယ့်ကြေးတွေလည်း ပါဝင်ကြောင်း သိရပါတယ်။