ဝေါလေမြိုင်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၁ ခုကို KNDO ၊ KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို KNDO၊ KNLA နဲ့ပူးပေါင်းတပ်တွေက ဇွန် ၂၆ ရက် ဒီမနက် အစောပိုင်းမှာ သိမ်းယူနိုင်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်သူ KNDO တာဝန်ရှိသူတဦးက ပြောပါတယ်။
“အဲဒီစခန်းမှာ စစ်ကောင်စီတပ်သားနဲ့ တပ်ဗိုလ်တချို့စခန်းထိုင်နေပါတယ်။ ဇွန်လ ၂၅ ရက်နေ့ညမှာစပစ်တယ်။ ဇွန်လ ၂၆ ရက်နေ့ ၅ နာရီလောက်မှ အို့ကလေ့ထ စစ်ကောင်စီစခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့တယ်။ တဲလေးတွေကိုတော့ မီးရှို့ဖျက်ဆီးလိုက်ပြီ။”
တိုက်ပွဲအတွင်း နှစ်ဖက် တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ လတ်တလော အတည်မပြုနိုင်သေးပါဘူး။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်ရဲ့ အို့ကလေ့ထ စခန်းဟာ စစ်ကောင်စီတပ်တွေ ရိက္ခာပို့တာနဲ့ နယ်မြေစိုးမိုးရေးအတွက် တပ်ချထားတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။