ဂျာမနီတွင် G-7 ညီလာခံကို ဆန္ဒပြသူများနှင့်ရဲများ ပဋိပက္ခဖြစ်

ကမ္ဘာ့ထိပ်သီး စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 ရဲ့ ဂျာမနီနိုင်ငံ မြူးနစ်ချ်မြို့မှာ ကျင်းပမယ့် ထိပ်သီးညီလာခံကို ဇွန် ၂၅ ရက်က ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခ ဖြစ်ခဲ့ကြပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံဝတ် ရဲအရာရှိတွေက ဆိုင်းဘုတ်တွေ ကိုင်ထားတဲ့ ဆန္ဒပြသူတွေကို ကိုယ်ထိလက်ရောက် တွန်းထုတ်ခဲ့တာပါ။
ဆန္ဒပြသူတွေက ရဲတွေကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေအတွင်း ရဲတပ်ဖွဲ့ဝင်တွေ ထွက်သွားလို့ ထည့်သွင်း ဟစ်ကြွေးခဲ့ကြပါတယ်။
ဇွန် ၂၆ ရက်မှာ စတင်မယ့် G7 ထိပ်သီးအစည်းအဝေး မတိုင်မီ လူအယောက် ၄၀၀၀ လောက် ဆန္ဒပြခဲ့ကြတာပါ။ သဘောထားကွဲတာတွေ ရှိပေမယ့် ဆန္ဒပြပွဲတွေက ငြိမ်းချမ်းပါတယ်။
ကမ္ဘာ့အတိုးတက်ဆုံး နိုင်ငံ ၇ နိုင်ငံက အကြီးအကဲတွေရဲ့ လုံခြုံရေး သေချာစေဖို့ ရဲအရာရှိ အယောက် ၁၈,၀၀၀ ကို တာဝန်ချထားခဲ့ပါတယ်။
ထိပ်သီးအစည်းအဝေးကို ဂျာမနီနိုင်ငံတောင်ပိုင်း ဘာဗားရီးယားဒေသမှာ ဇွန် ၂၇ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။