close

ရေးမြို့နယ်ပြန်/ဆက်ရုံးအနီး ဗုံးပေါက်

မွန်ပြည်နယ်  ရေးမြို့နယ်  မြို့နယ်ပြန်ဆက်ရုံးဘေးလမ်းသွယ်နေရာမှာ ဇွန် ၂၈ ရက်  မနက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိပေမဲ့ ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ လ၀က ပြန်ဆက်ရုံးနဲ့ ပညာရေးမှူးရုံး  စာသင်ကျောင်းရှိတဲ့အပြင် လူနေအိမ်တွေလည်း ရှိတာကြောင့် စိုးရိမ် ထိတ်လန့်ခဲ့ရတယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲအပြီးမှာ လုံခြုံရေးယူနေတဲ့စစ်ကောင်စီတွေက အသေးစိတ်စုံစမ်းစစ်ဆေးနေပြီး လူတွေလည်း နာရီအနည်းငယ်ကြာ အသွားလာမလုပ်ရဲကြဘူးလို့ ဆိုပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဘယ်သူ့လက်ချက်ဆိုတာ ဘယ်အဖွဲ့စည်းကမှ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

//
Up