အိန္ဒိယတွင် မြေပြိုမှုကြောင့် သေဆုံးခဲ့သည့် စစ်သားများအတွက် ဈာပနအခမ်းအနား ကျင်းပ

အိန္ဒိယနိုင်ငံမှာ အကြီးအကျယ် မြေပြိုမှုကြောင့် သေဆုံးခဲ့တဲ့ စစ်သားတွေအတွက် ဈာပန အခမ်းအနားကို ကျင်းပပေးခဲ့ပါတယ်။
မြေပြိုမှုကြောင့် ဇူလိုင် ၄ ရက်အထိ သေဆုံးသူ ၄၂ ဦးထက်မနည်းရှိခဲ့ပြီး အယောက် ၂၀ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
မဏိပူရပြည်နယ် အရှေ့မြောက်ဘက် ဝေးလံခေါင်သီတဲ့ဒေသမှာ ဇွန် ၂၉ ရက် ညအစောပိုင်းက မြေပြိုခဲ့ပါတယ်။ တပ်မတော်နဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက အသက်ရှင် ကျန်ရစ်သူတွေကို ရှာတဲ့နေရာမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
အိန္ဒိယစစ်တပ်က အခမ်းအနားတွေမှာ လွမ်းသူ့ပန်းခွေချပြီး မြေပြိုမှုမှာ သေဆုံးသွားတဲ့ စစ်သည်တွေကို နှုတ်ဆက်တဲ့ ဗွီဒီယိုဖိုင်ကို ရုပ်သံကပြသထားပါတယ်။ အခုလအတွင်း မကြုံစဖူး မိုးရွာလို့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်တွေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ပါတယ်။
မကြာသေးမီ သီတင်းပတ်တွေအတွင်း ရေကြီးရေလျှံမှုတွေကြောင့် သန်းနှင့်ချီတဲ့လူတွေ ဘေးကင်းရာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး အချို့နေရာတွေမှာ အိမ်တွေ ရေဘေးမှာ နစ်မြုပ်သွားခဲ့ပါတယ်။