close

၂ လအတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၆၆ ဦး သေဆုံးဟု CNDF ထုတ်ပြန်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ချင်းအမျိုးသားကာကွယ်ရေး တပ်နဲ့ ဖြစ်ပွားတဲ့ ၂ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၆ ယောက် သေဆုံးခဲ့တယ်လို့ CNDF က ထုတ်ပြန်ပါတယ်။

မေနဲ့ ဇွန်လတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၁၁ ကြိမ်မှာ  စစ်ကောင်စီဘက်က  ၆၆ ယောက်နဲ့ CNDF ဘက်ကတော့  သုံးယောက်  သေဆုံးကာ လေးယောက်  ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ 

“စစ်ရေးအရှိန် မြှင့်မှာမို့လို့ ဒေသခံတွေ စစ်တပ်နဲ့ လွတ်ရာဒေသမှာနေဖို့နဲ့ သတိပေးချက်ကို လိုက်နာဖို့ လိုတယ်” လို့ ကလေး PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

ကလေးမြို့နယ်မှာ ကျေးရွာတွေဆီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ  စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဒေသခံတွေကို ဖမ်းဆီးနေသလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပါတယ်။

ဇူလိုင် ၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အရှေ့ဘက် ကျောက္ကာရေနံဖိုကနေ အရာတော်-မုံရွာသွားလမ်းအတိုင်း သွားတဲ့ စစ်ကောင်စီကားတန်းကို  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အရာတော်သပြေညိုပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင်  ၅ ဦး ကျဆုံးပြီး  ဒေသခံပြည်သူကာကွယ်ရေးတွေကို နောက်ကနေ နာရီဝက်အကြာအထိ လိုက်လံပစ်ခတ်ခဲ့ပေမဲ့ PDF တွေ အထိအခိုက်အကျဆုံးမရှိခဲ့ဘူးလို့ သပြေညိုဝာာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေကို သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Black Wolf PDF၊ မိုင်းမင်းသားအဖွဲ့၊ Ayadaw Bone Naing PDF(ABN PDF)၊ Ayadaw Falcon Force(AF2)၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့နဲ့ Danger Force LPDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

//
Up