လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကစားသမားသမား ၁ ဦး မုဒိမ်းမှုသံသယဖြင့် ဖမ်းဆီးခံရ

7
လန်ဒန်မြို့အခြေစိုက် ပရီးမီးယားလိဂ်အသင်းတသင်းရဲ့ ကစားသမားတယောက်ဟာ မုဒိမ်းမှု သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
ဘယ်အသင်းက ကစားသမားလဲ ဆိုတာကို ရဲတပ်ဖွဲ့ဘက်က ထုတ်ပြန်ကြေညာခြင်း မရှိပေမဲ့ မြောက်လန်ဒန်၊ ဘားနက်အရပ်က ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါနေရာဟာ အာဆင်နယ်နဲ့ စပါးအသင်းတွေက ကစားသမားတွေ အများစုနေထိုင်ပြီး မုဒိမ်းမှုသံသယနဲ့ ဖမ်းဆီးခံထားရသူဟာ အဆိုပါကလပ်တွေကဖြစ်တယ်လို့လည်း ခန့်မှန်း သုံးသပ်မှုတွေ ရှိပါတယ်။
မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မုဒိမ်းမှုသံသယရှိသူကို ထိန်းသိမ်းထားတာ မှန်ကန်ကြောင်း၊ အမှုဖြစ်ပွားခဲ့တာက ၂၀၂၂ ခုနှစ် ဇွန်လအတွင်းမှာဖြစ်ပြီး မနက် ၃ နာရီလောက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။