close

စီရော်နယ်ဒိုအတွက် ပေါင် ၁၃ သန်းပေးခေါ်ယူပါက မန်ယူအသင်းလက်ခံစဉ်းစားနိုင်

မန်ယူအသင်းဟာ ထွက်ခွာခွင့်တောင်းဆိုထားတဲ့ စီရော်နယ်ဒိုအတွက် ပေါင် ၁၃ သန်းပေးချေ မယ်ဆိုရင် လက်ခံစဉ်းစားသွားနိုင်တယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုဟာ မိသားစုအရေးကိစ္စ အကြောင်းပြပြီး ခွင့်ယူထားတာဟာ ၄ ရက်ဆက်ရှိလာပြီး အသင်းကနေထွက်ခွါဖို့ နီးစပ်လာပါတယ်။ 

စီရော်နယ်ဒိုဟာ လီဗာပူးအသင်းနဲ့ ဘန်ကောက်မြို့မှာ ခြေစမ်းကစားမယ့်ပွဲစဉ်အတွက်လည်း အသင်းနဲ့အတူ လိုက်ပါ နိုင်ဖို့မရှိတော့ဘူးလို့ သတင်းတွေကဖော်ပြပါတယ်။

မန်ယူအသင်းနဲ့နီးစပ်တဲ့အသိုက်အဝန်းရဲ့ ပြောဆိုချက်အရတော့ စီရော်နယ်ဒိုအတွက် ဂျူဗင်တပ်ကနေခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ပေါင် ၁၃ သန်း အတိုင်း ပေးချေမယ်ဆိုရင် မန်ယူအသင်းက လက်ခံစဉ်စားဖို့ရှိတယ်လို့သိရပါတယ်။

တချို့သတင်းတွေမှာတော့ စီရော်နယ်ဒိုဟာ ထွက်ခွာခွင့်တောင်းဆိုထားတာမှန်ပေမယ့် သောကြာ နေ့မှာအသင်းနဲ့ ပူးပေါင်းမယ်လို့လည်းရေးသားကြပါတယ်။

စီရော်နယ်ဒိုကိုခေါ်ယူဖို့ ချဲလ်ဆီးအသင်းက အေးဂျင့်နဲ့ ဆက်သွယ်ပြီး ခေါ်ယူနိုင်မယ့်အလားအလာ တွေကိုလည်း ဆွေးနွေးခဲ့ပါ သေးတယ်။

ဘိုင်ယန်မြူးနစ်၊ နာပိုလီအသင်းတွေနဲ့လည်း သတင်းထွက် ပေါ်နေပေမယ့် ချဲလ်ဆီးအသင်းက ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်လာနေပါတယ်။ 

//
Up