ဘိုင်ယန်မြူးနစ်အသင်းက နောက်တန်းကစားသမား ပါဗာကို ရောင်းချမည်

4
ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ပြင်သစ်နောက်ခံလူ ပါဗာကို အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ပြင်သစ်လက်ရွေးစင်ကစားသမား ပါဗာကို ခေါ်ယူဖို့ အတွက် ခံစစ်ပိုင်းပြင်ဆင်မှုတွေ ပြုလုပ်နေရတဲ့ ပရီးမီးယားလိဂ်ထိပ်သီးကလပ် ချဲယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားနေကြောင်းသိရပါတယ်။
ဒါ့အပြင် လာလီဂါအသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကို သသင်းတွေကလည်း ပါဗာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြပါတယ်။