close

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ဂျပန်နိုင်ငံသို့ သွားရောက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ဂျပန်နိုင်ငံမှာ ရောက်နေပြီး ဇူလိုင် ၁၁ ရက်မှာ ဂျပန်ဝန်ကြီးချုပ် ဖူမိယိုကီရှီဒါနဲ့ သွားရောက်တွေ့ဆုံကာ  လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် ဝမ်းနည်းတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။ 

“သမ္မတဘိုင်ဒင်က ကျနော့်ကို တိုကျိုကို လာခိုင်းပါတယ်။ ဝန်ကြီးချုပ်(ဟောင်း) အာဘေး ကွယ်လွန်သွားတဲ့အတွက် အမေရိကန်ပြည်သူတွေကလည်း ဝမ်းနည်းတဲ့အကြောင်းကို ပြောကြားဖို့ပါ။ ဝန်ကြီးချုပ် အာဘေးဟာ အမေရိကန်နဲ့ ဂျပန်တို့ကြားက ဆက်ဆံရေးကို ကောင်းမွန်အောင်ဆောင်ရွက်တဲ့နေရာမှာ အားလုံးထက် သာလွန်ကောင်းမွန်ခဲ့ပါတယ်”လို့ ဘလင်ကန်က ပြောပါတယ်။

ဝန်ကြီး ဘလင်ကန်ဟာ အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ G-20 အစည်းအဝေး၊ အဲဒီနောက် ဘန်ကောက်၊ အခု ဂျပန်ကို မူလက  စီစဉ်မထားတဲ့ ခရီးစဉ်အနေနဲ့ သွားရောက်တာပါ။ 

ခေတ်သစ် ဂျပန်သမိုင်းမှာ သက်တမ်း အရှည်ကြာဆုံး နိုင်ငံရေး ခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အာဘေးဟာ ဇူလိုင် ၈ ရက်က နိုင်ငံအနောက်ပိုင်း နာရာမြို့မှာ မဲဆွယ်ဟောပြောနေစဉ်  သေနတ်ပစ်ခံရပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

//
Up