အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန် ထိုင်းနိုင်ငံသို့ သွားရောက်

အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ အဖွဲ့ G20 ရဲ့ ထိပ်သီးအစည်းအဝေးကိုတက်အပြီးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ဇူလိုင် ၉ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကို ရောက်လာပါတယ်။
ဘန်ကောက်မှာ ဘလင်ကန်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမတ်ဝီနိုင်းတို့နဲ့ တွေ့ဆုံပြီး အခုနှစ်အတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် APEC 2022 အစီအစဉ်အပါအဝင် နှစ်နိုင်ငံနဲ့ဒေသဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးမှာပါ။
အမေရိကန်သံတမန်ဟာ ပြည်သူ့ကျန်းမာရေးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့လည်း ကြိုးစားနေပါတယ်။
ဘလင်ကန်ဟာ ဘာလီမှာ G20 နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို တက်ရောက် ပြီးတဲ့နောက် ယူကရိန်းမှာ ရုရှားရဲ့ ရန်လိုမှုကို ရှုတ်ချဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။
G20 နိုင်ငံခြားရေးဝန်ကြီးတွေက ယူကရိန်း စစ်ပွဲနဲ့ ယူကရိန်းက ကောက်ပဲသီးနှံတွေကို ပိတ်ဆို့ မှုတွေ ရပ်ဖို့ ဆော်ဩခဲ့ကြပါတယ်။
ဘလင်ကန်ကတော့ ရုရှားနဲ့ ပေါင်းနေတဲ့ တရုတ်အစိုးရအပေါ် စိုးရိမ်တဲ့အကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ပြောခဲ့ပါတယ်။ ရုရှား ထိပ်တန်း သံတမန်ကတော့ အစည်းအဝေးထဲကနေ ထွက်သွားခဲ့ပါတယ်။
ဘလင်ကန်ဟာ သူ့ရဲ့ ငါးရက်ကြာ ခရီးစဉ်ပြီးနောက် ဇူလိုင် ၁၁ ရက်မှာ အမေရိကန်နိုင်ငံဆီ ပြန်မှာ ဖြစ်ပါတယ်။