ဖိုဒန်ကို တပတ် ပေါင် ၂၀၀,၀၀၀ ပေးပြီး သက်တမ်းတိုးရန် မန်စီးတီး ကမ်းလှမ်း

6
အင်္ဂလန်ကြယ်ပွင့် ဖိုဒန်ကို ၆ နှစ်သက်တမ်းတိုးဖို့ မန်စီးတီးအသင်းက ကမ်းလှမ်းထားပြီး လစာအဖြစ် တပတ် ပေါင် ၂၀၀,၀၀၀ အထိ တိုးပေးသွားမယ်လို့ သိရပါတယ်။
မန်စီးတီးလူငယ်အသင်းမှ ထွက်ပေါ်လာတဲ့ အသက် ၂၂ နှစ်အရွယ် ဖိုဒန်ဟာ လက်ရှိအချိန်မှာ တပတ် ပေါင် ၁၀၀,၀၀၀ ပဲ ရရှိနေပြီး ဇန်နဝါရီလက တပတ် ပေါင် ၁၅၀,၀၀၀ နဲ့ သက်တမ်းတိုးဖို့ မန်စီးတီးအသင်းက ကမ်းလှမ်းခဲ့ဖူးပါတယ်။
အခုအခါ မန်စီးတီးအသင်းဟာ စတာလင်နဲ့ ဂျေဆူတို့ကို ရောင်းထုတ်ခဲ့ပြီးနောက် ဖိုဒန်ကို ရေရှည်ဆက်လက်ထိန်းသိမ်းဖို့ ရည်ရွယ်ကာ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်တာလို့ သိရပါတယ်။ ဒီ့အတွက် ဖိုဒန်နဲ့ မန်စီးတီးအသင်းကြား သဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ်။