close

စစ်ကောင်စီဖိအားပေးမှုကြောင့် မြန်မာပြည်မှ ထွက်ခွာခဲ့ရဟု ဗြိတိန်သံရုံးယာယီတာဝန်ခံပြော

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးယာယီတာဝန်ခံ ဖိဗိုးလ်စ်ဟာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို ရပ်ဆိုင်းပြီး မြန်မာနိုင်ငံကနေ ဇူလိုင် ၁၃ ရက်မှာ  ရုတ်တရက် ထွက်ခွာခဲ့ရတယ်လို့ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။ 

မြန်မာပြည်က ထွက်ခွာဖို့  စစ်ကောင်စီက သူ့ကို  ဖိအားပေး ညွှန်ကြားခဲ့မှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ဒါပေမဲ့ သူတို့ရဲ့ ရက်စက်တဲ့ အာဏာသိမ်းမှုကို တရားဝင်အသိအမှတ်ပြုဖို့ ဖိအားပေးခံခဲ့ရတာကို   ငြင်းဆန်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိတယ်လို့ သူက တွစ်တာက ပြောကြားထားပါတယ်။

သူ အခုလို ထွက်ခွာခဲ့ရပေမယ့် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူ့အဖွဲ့သားတွေက တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကလွဲလို့ တခြားဘာကိုမှ လိုလားခြင်းမရှိတဲ့ မြန်မာပြည်သူတွေအတွက် တတ်နိုင်သမျှ ဆက်လက်ကြိုးစားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဗြိတိန်သံရုံးယာယီတာဝန်ခံ ဖိဗိုးလ်စ်ဟာ  ၂ဝ၂၁ ခုနှစ် သြဂုတ်လက စတင်ပြီး မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

//
Up