close

ဘရားဇီးသမ္မတ ဘော်ဆိုနာရို ရွေးကောက်ပွဲတွင် ပြန်လည်ရွေးချယ်ခံမည်

ဘရားဇီးနိုင်ငံ ရွေးကောက်ပွဲမှာ ပြန်လည် အရွေးခံမယ်လို့  လက်ရှိ သမ္မတ ဘော်ဆိုနာရိုက ဇူလိုင် ၂၄ ရက်က ရီယိုဒီဂျနဲရိုးမြို့မှာ ပရိသတ်ထောင်သောင်းချီ တက်ရောက်တဲ့ အခမ်းအနားမှာ တရားဝင် ကြေညာပါတယ်။ 

အောက်တိုဘာ ၂ ရက်နေ့ကျင်းပမယ့်  ရွေးကောက်ပွဲမှာ လက်ယာယိမ်း ခေါင်းဆောင် သမ္မတ ဘော်ဆိုနာရိုရဲ့ အဓိက ပြိုင်ဘက်က  သမ္မတဟောင်းဖြစ်တဲ့ လူဝစ်လူလာ ဖြစ်ပြီး ဒီရွေးကောက်ပွဲမှာ ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံး ပြိုင်ဆိုင်မှု ဖြစ်လာပါလိမ့်မယ်။ 

ရွေးကောက်ပွဲ ယှဉ်ပြိုင်မှု တရားဝင် စတင်တဲ့ ပထမဆုံး နေ့မှာပဲ သမ္မတက ဘရာဇီးရဲ့ ရွေးကောက်ပွဲ စနစ်၊ မဲပေးတဲ့ စနစ်တွေအပေါ်မှာ ဝေဖန်ပြောဆိုသွားတာကြောင့် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အကြိုစစ်တမ်းတချို့မှာတော့ သမ္မတဟောင်း လူလာက ဘောဆိုနာရိုကို ၂၀ ရာခိုင်နှုန်းနီးပါး အသာစီး ရနေတာကို တွေ့ရပါတယ်။ 

လက်ဝဲယိမ်းဝါဒီ လူလာဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ အထိ ဘရာဇီးကို အုပ်ချုပ်ခဲ့တဲ့အချိန်မှာ လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်ခဲ့တဲ့အတွက် ချီးကျူးခံရသူ ဖြစ်ပါတယ်။ 

နောက်ပိုင်းမှာ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ထောင်တနှစ်ခွဲကျတဲ့အထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။  ဒါပေမဲ့ နောက်ပိုင်းမှာ အမှုကနေ ကွင်းလုံးကျွတ် ပြန်လွတ်ခဲ့ပါတယ်။ 

ဒီလို အဖြစ်အပျက်တွေ ရှိပေမယ့် သမ္မတဟောင်း လူလာကို ထောက်ခံသူတွေက အခိုင်အမာ ရှိနေဆဲ ဖြစ်ပြီး လက်ရှိ ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေး မကောင်းတဲ့ ပြည်သူတွေဟာ လူလာခေတ်ကို ပြန်တမ်းတဖို့ ဖြစ်လာပါတယ်။ 

//
Up